134

2.9K 608 27
                                    

ကျွန်တော့်ဦးလေးက စိတ်ပျော့လွန်းတယ်။
..............................................

လင်းကျောက်ဝမ်၏အပြစ်ဆိုစကားက လူသုံးယောက်ကို အဟုန်လျော့သွားကာ ဒေါသကြောင့်ပြောစရာမဲ့သွားစေသည်။

ယင်းက လင်းကျောက်ဝမ်လိုချင်သောရလဒ်ပင်။ သူယနေ့မနက်က လက်ခံရရှိခဲ့သည့် စာ၏ချိပ်ပိတ်က အစစ်နှင့်တူပြီး ဤလူသုံးယောက်သည် တကယ်ကို ယွီဝမ်မိသားစုမှလာမှန်း ရှစ်ဆယ်ရာခိုင်နှုန်းမျှသေချာသော်လည်း သူတို့၏ခိုးကြောင်ခိုးဝှက်လုပ်ရပ်အရ ဆိုးရွားသည့်ရည်ရွယ်ချက်ရှိမှန်း ခန့်မှန်းနိုင်သည်။ 'ဒီလူတွေက ငါ့ကိုအနိုင်ကျင့်ချင်တယ်ပေါ့။ သူတို့ အဲ့လိုလုပ်နိုင်မလားဆိုတာ ကြည့်ဦးမယ်။'

"လီဖု၊ ရုံးတော်သားတွေကို ခေါ်လိုက်။ ငါဒီလူလိမ်သုံးယောက်ကို ထောင်ချချင်တယ်။"

"ဟုတ်ကဲ့ပါ၊ အရာရှိကြီး။"

"နေပါဦး။" ကြီးကြပ်ကျိုးက သူ့ကိုအမြန်တားလိုက်သည်။ သူက အံကြိတ်ကာပြောသည်။ "ကျွန်တော့်ဆီမှာ သက်သေပြစရာရှိတယ်။"

"အို၊ ဒါဆို ငါ့ကိုပြ။" လင်းကျောက်ဝမ်က သူ့ကိုစိုက်ကြည့်နေသည်။

ကြီးကြပ်ကျိုးက ဒေါသကြောင့်လက်တုန်နေသော်လည်း အံကြိတ်၍စိတ်ထိန်းကာ သူ၏သက်သေခံပြားကိုထုတ်ပြီး လင်းကျောက်ဝမ်ကိုပြလိုက်သည်။

လင်းကျောက်ဝမ်က လီဖုကို မျက်နှာရိပ်မျက်နှာကဲပြလိုက်သောအခါ လီဖုက ထိုသက်သေခံပြားကိုသွားယူကာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး လင်းကျောက်ဝမ်ထံ ကမ်းပေးသည်။ သဘာဝကျစွာပင် ဤသို့မုန်းတီးဖွယ်ရာလုပ်ရပ်က လူသုံးယောက်၏ဒေါသကို မီးစာထည့်ပေးလိုက်သည်။

"ငါသိသလောက်ဆိုရင် ဒါကအတုမဟုတ်ဘူး။ ဒီတော့ မင်းတို့က ယွီဝမ်မိသားစုရဲ့ အစေခံတွေပဲ။ ဒါဆိုမင်းတို့က မင်းတို့ရဲ့သခင်ဖြစ်တဲ့စစ်သူကြီးကို ဘာလို့ ရည်ရွယ်ချက်ရှိရှိရှောင်ဖယ်ပြီး ဒီစားသောက်ဆိုင်မှာ ငါနဲ့တွေ့ဖို့တောင်းဆိုတာလဲ။ ဒါက အစေခံတွေအတွက် အတင့်ရဲမနေဘူးလား။ ဒါမှမဟုတ် မင်းတို့က အန္တရာယ်ရှိတဲ့ကိစ္စမျိုးကို ကြံစည်ပြုလုပ်မလို့လား။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now