131

3.3K 595 15
                                    

ကလဲ့စားချေနိုင်ခဲ့ပြီးနောက် ပြည်ဖုံးကားချလိုက်ခြင်း
.................................................................

ယွီဝမ်ထုန်က လင်းမိသားစုစံအိမ်သို့ ပြန်သွားသော်လည်း လင်းကျန်ကို ရှာမတွေ့သဖြင့် ဒွိဟဖြစ်မိသည်။ သူက လင်းကျန်ကို စောင့်ရှောက်ရန် ကိုယ်ရံတော်တစ်ယောက်အား တာဝန်ချထားပေးခဲ့ရာ ယခုအချိန်တွင် သူတို့နှစ်ယောက်လုံးက အိမ်ပြန်ရောက်နေသင့်သည်။

"စစ်သူကြီးခင်ဗျ၊ သခင်လေးလင်းလည်း ကျန်ချောင်းနောက်ကို လိုက်လာခဲ့ပါတယ်။ စစ်သူကြီးထွက်သွားတာနဲ့ သခင်လေးလင်းရောက်လာပါတယ်။" ယွီဝမ်ထုန်ပြန်ရောက်လာပြီးနောက် အချိန်ပိုင်းအတွင်း ရောက်လာသည့် ကိုယ်ရံတော်တစ်ယောက်ကပြောသည်။

"ဒါဆို သူဘယ်မှာလဲ။ ငါဘာလို့ သူ့ကိုမတွေ့တာလဲ။" ကျန်ချောင်းက သေသွားပြီပင်။ သူက ဘာအရေးကိစ္စရှိ၍ ရောက်မလာသေးသနည်း။

"သူဟိုမှာပါ။" ကိုယ်ရံတော်က ပြန်ပြောသည်။

ယွီဝမ်ထုန်လှည့်ကြည့်လိုက်သောအခါ  လင်းကျန်ကိုချီကာ ခြံထဲသို့သယ်လာသည့် ကိုယ်ရံတော်တစ်ယောက်ကို တွေ့လိုက်ရသည်။

ယွီဝမ်ထုန်က မျက်မှောင် ခပ်ရေးရေးကြုတ်ကာ လင်းကျန်ကို ကိုယ်ရံတော်၏ကျောပေါ်မှ ကူချပေးသည်။ "ဘာဖြစ်တာလဲ။"

"အဆင်ပြေပါတယ်။ ကျွန်တော် အားဖြည့်ဖို့ အချိန်နည်းနည်းလိုလို့ ဒီအစ်ကိုက ချီလာပေးရတာ။" လင်းကျန်က ပြန်ပြောလိုက်သည်။

"အထဲဝင်ပြီး နည်းနည်းအနားယူလိုက်။ ထန်းယန်ကိစ္စက တိုင်ချိန့်လက်ထဲကိုရောက်သွားပြီ။ သူနဲ့ချန်ထားလိုက်။" ယွီဝမ်ထုန်က လင်းကျန်ကို ကူတွဲပေးထားသည်။

"ကျွန်တော် ဝမ်ဟယ်ကို သတ်ခဲ့တယ်။"

ယွီဝမ်ထုန်က သူ့ကိုမေးမြန်းလိုသောအကြည့်ဖြင့် မျက်ခုံးပင့်ပြသည်။

"သူက ခင်ဗျားရဲ့မျက်နှာကို မြင်သွားတော့ တိုင်ချိန့်ကိုသေချာပေါက် ပြောလိုက်မှာပဲ။ တိုင်ချိန့်ကသာ ဒါကိုဧကရာဇ်ဆီတင်ပြလိုက်ရင် ခင်ဗျားက တော်ဝင်အမိန့်ကိုဖီဆန်မှုနဲ့ငြိပြီး ဧကရာဇ်က ခင်ဗျားကို ဒါနဲ့ဆန့်ကျင်လိမ့်မယ်။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now