129

2.8K 546 11
                                    

အဝိုင်းခံရခြင်း၊ တိုက်ပွဲဖြစ်ခြင်းနှင့် လိုက်ဖမ်းခြင်း
.............................................................

မည်သူကမှ ဝရမ်းပြေးဘဝကို မလိုချင်ပေ။ သူတို့ ယခင်က ကျန်ချောင်း၏နောက်လိုက်လုပ်ရန် ရွေးချယ်လိုက်သည့်အကြောင်းရင်းမှာ ကျန်ချောင်းက သူတို့ကိုအလားအလာကောင်းစေမည်ဟု ကတိပေးခဲ့သောကြောင့်ဖြစ်ပြီး အဆုံးတွင်တော့ သူတို့ဘာမှမရခင်တွင်ပင် သူပုန်အဖြစ်အဆုံးသတ်သွားသည်။ ရလဒ်အနေဖြင့် လူအများစု၏ သစ္စာခံမှုယိမ်းယိုင်လာသည်။

လင်းကျန်က ဤအဖြစ်ကိုတွေ့ကာ ထောင်ဖန်းကိုမျက်ရိပ်ပြလိုက်သောအခါ ထောင်ဖန်းက အမြန်အော်လိုက်သည်။ "မင်းတို့တွေလက်နက်ချတာနဲ့ မင်းတို့ရဲ့အရင်က လုပ်ရပ်အမှားတွေကို ခွင့်လွှတ်ပေးမယ်။ ငါမင်းတို့ကို စစ်မှုထမ်းအဖြစ်ကနေထွက်ပြီး အိမ်ပြန်ခွင့်ပြုဖို့ အရှင်ဧကရာဇ်ဆီလျှောက်တင်ပေးမယ်။"

'ငါတို့ကို စစ်မှုထမ်းအဖြစ်ကနေထွက်ပြီး အိမ်ပြန်ခွင့်ပြုမှာလား။ တကယ်လား။' စစ်သားအများအပြား တွေးမိသည်။

"ငါ မင်းတို့တစ်ယောက်ချင်းစီတိုင်းကို လုံလုံခြုံခြုံနဲ့ သာသာယာယာနဲ့ အိမ်ပြန်ခွင့်ပြုမယ်ဆိုတာကို ငါ့ရာထူးနဲ့သက်သေပြုတယ်။" ထောင်ဖန်းကထပ်ပြောလိုက်သည်။

'ငါတို့ အိမ်ပြန်ခွင့်ရမှာလား။' စိတ်ယိုင်သွားသည့်စစ်သားတစ်ယောက်က သူ့လက်နက်ကိုကိုင်ထားသည့်လက်အား ဖြေလျှော့လိုက်ရာ လက်နက်မှာမြေကြီးပေါ်သို့ ခလွမ်းခနဲ ပြုတ်ကျသွားသည်။ မကြာခင်တွင် ဒုတိယမြောက်တစ်ယောက်၊ တတိယမြောက်တစ်ယောက်၊ စတုတ္ထမြောက်တစ်ယောက်စသည်ဖြင့် လက်လွှတ်လိုက်ကြသည်။ နယ်စောင့်တပ်သားသုံးပုံတစ်ပုံနီးပါး လက်နက်ချကြသည်။

"မင်းတို့တွေက သေချင်နေတာပဲ။ သူတို့ကိုသတ်စမ်း။" ကျန်ချောင်းက ဟိန်းဟောက်လိုက်သည်။

စစ်သားအချို့က ချီတုံချတုံဖြစ်နေပြီး သူတို့၏တိုက်ဖော်တိုက်ဖက်များထံ လက်နက်မရွယ်ရက်သော်လည်း အခြားလူများကမူ ဒွိဟပင်မဖြစ်ဘဲ လက်နက်ချလိုက်သည့် တိုက်ဖော်တိုက်ဖက်များကို လက်နက်ဖြင့်ချိန်ထားကြသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now