128

3K 534 13
                                    

ထောင်ချောက်များ၊ အညံ့ခံရန်ညှိခြင်း
.............................................

လင်းကျန်က လက်ရှိအခြေအနေတွင် သူဖော်ထုတ်လိုက်လျှင် ထောင်ဖန်း အလွန်စိတ်ဆိုးသွားမည်ကိုသိသဖြင့် ဘာမှမပြောလိုက်ချေ။

မည်သို့ပင်ဆိုစေ ထောင်ဖန်းက ဒူးတုန်နေသော်လည်း ကျန်ရစ်နေရန်အတွက် ဆုံးဖြတ်ခဲ့သဖြင့် သိက္ခာရသင့်သည်။

"ရန်သူတွေ ချဉ်းကပ်လာပြီ။" အစောင့်တပ်သားတစ်ယောက်က စိုးရိမ်ကြောင့်ကြနေသောအသံဖြင့်အော်ဟစ်လိုက်ရာ တောင်ဘက်ပိုင်းမှလူများအားလုံး အာရုံစိုက်လာကြသည်။

ဆီးသီးအရွယ်ပမာဏမျှရှိသော မရေမတွက်နိုင်သည့် မီးတိုင်များက နီးကပ်သည်ထက်နီးကပ်လာသည်။ မကြာခင်တွင် နံရံများလှုပ်လာသည်ကို မြို့ရိုးပေါ်မှလူများ ခံစားရသည်။ မြင်းအုပ်၊ လူအုပ်ကြီးများက ထန်းယန်ဘက်သို့ ချီတက်လာနေသည်။

ထောင်ဖန်းက လက်မြှောက်ကာ နှဖူးပေါ်ရှိချွေးများကိုသုတ်ပြီး အံ့အားသင့်စွာကောက်ချက်ချသည်။ "ကံကောင်းလို့ ကျန်ချောင်းက မြို့ထဲမှာစခန်းချပေးထားတဲ့ သူ့တပ်သားတွေကို အဲ့နေ့ကပြန်ရုတ်သိမ်းသွားတာ။ မဟုတ်ရင် ငါတို့တွေ အတွင်းအပြင်ရန်သူတွေကို ရင်ဆိုင်ရနိုင်တယ်။ အဲ့လိုသာဆိုရင် ငါတို့ဘယ်လောက်တောင် ကြမ္မာဆိုးဝင်သွားမယ်ဆိုတာ မင်းမြင်ကြည့်နိုင်လား။"

လင်းကျန် ရှက်ကာ ပြောစရာမဲ့သွားသည်။

'ဒီလိုစကားတွေက ငါတို့ရဲ့ဘက်တော်သားတွေကို စိတ်ဓာတ်ကျစေမှာ သူ မစိုးရိမ်ဘူးလား။' သူတွေးမိသည်။

"အရာရှိထောင်၊ စိတ်အေးအေးထားပါ။"

ထောင်ဖန်းက ရှက်ကိုးရှက်ကန်းဖြင့်ပြုံးကာ အဝတ်အစားကိုညှိပြီးနောက် ခပ်တည်တည်နေသည်။ ယင်းက သူ၏စိုးရိမ်ပူပန်နေပုံကို ဖုံးကွယ်ပေးရုံသာမက ခံ့ညားစေသည်။

အဝေးတွင် စစ်မြင်းများက မြေကြီးတုန်လောက်အောင် ချဉ်းကပ်လာသည်။  မြင်းခွာသံများက လူများ၏နှလုံးသားကို နင်းသွားသကဲ့သို့ ခံစားရစေကာ ဖိအားများလာသည်။ အင်အားကြီးစစ်တပ်၏ ကြောက်လန့်ဖွယ်ရာ အရှိန်အဟုန်ကလည်း သူတို့ဆီသို့ ကြောက်ရွံ့မှုလှိုင်းများ လွှတ်နေသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now