127

3K 579 23
                                    

ကျန်ချောင်း၏ဆုတ်ခွာလမ်း၊ ယွီဝမ်ထုန်၏ ကြိုတင်ကာကွယ်မှု
.............................................................................

"ကြီးကြပ်ကျိုး၊ ထန်းယန်မှာ တစ်ခုခုဖြစ်နေတာများလား။ ခုနက ခွေးဟောင်သံတစ်ချို့ ထွက်လာပါတယ်။"

လင်းကျန်နှင့် ယွီဝမ်ထုန်တို့က မြို့တောင်ဘက်ပေါက်သို့ရောက်နေစဉ်တွင်  တစ်စုံတစ်ယောက်က ထန်းယန်မြို့အရှေ့ဘက်ရှိ တည်းခိုဆောင်၏ အခန်းတစ်ခန်းကို တံခါးလာခေါက်ပြီး အထဲဝင်ခွင့်ရသည်နှင့် မေးလိုက်သည်။

အခြားလူတစ်ယောက်က အိပ်ရာထဲမှ ဖရိုဖရဲထလာသည်။ "တရားရုံးကနေ သတင်းတစ်ခုခုရှိလို့လား။"

"အခုထိတော့ မရှိသေးပါဘူး။"

"လင်းမိသားစုဘက်ကကော။"

"ကောင်းပါပြီ၊ ကျွန်တော် အဲ့ဒိမိသားစုကို ထောက်လှမ်းနေတဲ့လူကို ပြန်ခေါ်လိုက်ရမလား။"

ထွက်သွားသောလူက မကြာခင်တွင် ပြန်လာသည်။ "ဆရာ၊ လင်းမိသားစုရဲ့ရထားလုံးက တရားရုံးကို ညဉ့်နက်ချိန်ကြီးမှာ ထွက်သွားပြီး ခဏနေတော့ ပြန်လာတယ်လို့ သိရပါတယ်။"

"လင်းမိသားစုမှာ ဘာဖြစ်သွားတာလဲ။" ကြီးကြပ်ကျိုးက မာဆတ်ဆတ်ပြောသည်။

"အာ...ကျွန်တော်တို့တွေ အဲ့ဒိအကြောင်းကို ရှာမတွေ့ခဲ့ပေမဲ့ အဲ့ဒိရထားလုံးပြန်လာတော့ လင်းမိသားစုမှာ တစ်ချိန်လုံးတိတ်နေပါတယ်။ အဲ့ဒိအချိန်ကစပြီး ဘာသတင်းမှမထွက်လာပါဘူး။ စစ်သူကြီး...စစ်သူကြီး တစ်ခုခုဖြစ်နေတာများလား။"

"မဖြစ်နိုင်ဘူး။ စစ်သူကြီးဆီမှာ ကိုယ်ရေးကိုယ်တာအစောင့်တွေရှိတယ်။"

"ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ စစ်သူကြီးရှိနေတော့ လင်းမိသားစုအိမ်ထဲကို ကျွန်တော်တို့တွေ ခိုးဝင်လို့မရဘူး။ လင်းရှင်းကျုံက ထန်းယန်ကနေထွက်သွားတော့ ကျွန်တော်တို့တွေ ဒုသခင်လေးပေးတဲ့တာဝန်ကို လုပ်နိုင်မှာမဟုတ်ဘူး။"

"ဒါဆို မနက်ဖြန်ကျရင် လင်းကျောက်ဝမ်ကို တစ်နေရာရာမှာ ဖိတ်ဖို့ နည်းလမ်းရှာလိုက်။"

"ကျွန်တော်နည်းနည်းစီစဉ်လိုက်ပါ့မယ်။"

"မြန်မြန်လုပ်။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now