126

3K 544 10
                                    

တိုက်ပွဲမတိုင်ခင်ည
.......................

"ငါပါ။" လင်းကျောက်ဝမ်က ပြန်တုန့်ပြန်လိုက်သည်။

ရုံးတော်သားက လင်းကျောက်ဝမ်၏အသံနှင့် လင်းမိသားစုမှရထားလုံးကို မှတ်မိသွားကာ အံ့ဩစွာမေးသည်။ "အရာရှိလင်းလား။"

လင်းကျောက်ဝမ်နှင့် လင်းကျန်တို့က ရထားလုံးပေါ်မှဆင်းကာ လမ်းလျှောက်လာသည်။

"အရာရှိလင်းနဲ့သခင်လေးလင်းတို့က ဒီလောက်ညဉ့်နက်နေချိန်ကြီးမှာ ဘာအရေးကိစ္စကြောင့် ရောက်လာတာပါလဲ။"

"ငါတို့ အရာရှိထောင်နဲ့တွေ့စရာရှိလို့ ရောက်လာတာ။ အဲ့ဒါက အရေးကြီးတယ်။ ငါတို့ရောက်နေတယ်ဆိုတာကို ကျေးဇူးပြုပြီး အကြောင်းကြားပေးပါ။" လင်းကျောက်ဝမ်က လေးနက်သောမျက်နှာထားဖြင့် ပြောလိုက်သည်။

ရုံးတော်သားက လင်းကျောက်ဝမ်၏မျက်နှာပေါ်မှ လေးနက်မှုကို သတိထားမိသည်။ ၎င်းက မည်သို့သောအရေးကြီးကိစ္စမှန်း သူ မသိသော်လည်း ချက်ချင်းပြန်ဖြေလိုက်သည်။ "ခဏလေးစောင့်ပေးပါ၊ အရာရှိလင်း။ ကျွန်တော် အထဲဝင်ပြီး ချက်ချင်းတင်ပြလိုက်ပါ့မယ်။"

"ကျေးဇူးပါပဲ။" လင်းကျန်ကပြောသည်။

ရုံးတော်သားက ခေါင်းညှိတ်ကာ အနောက်တံခါးမှ ချက်ချင်းဝင်သွားသည်။

ထောင်ဖန်းနိုးလာသည်။ ဤသို့ညဉ့်နက်နေချိန်တွင် လင်းကျောက်ဝမ်နှင့်လင်းကျန်တို့ရောက်လာသည်ဟု သူကြားရသောအခါ အံ့ဩသွားပြီး ယွီဝမ်ထုန် တစ်ခုခုဖြစ်နေခြင်းဖြစ်ရမည်ဟု အထင်လွဲသွားသည်။ "ဒါဆို သူတို့ကို မြန်မြန်အထဲဝင်ခိုင်းလိုက်။"

"ဟုတ်ကဲ့ပါ၊ အရာရှိကြီး။" ရုံးတော်သားက အလျင်စလို ပြေးထွက်သွားသည်။

ပျာယာခတ်သွားသည့် ထောင်ဖန်းက မြန်မြန်အဝတ်လဲကာ အခန်းထဲမှထွက်လာသည်။

"အရာရှိလင်း၊ ဘာဖြစ်လို့လဲ။ မင်းဘာလို့ ညဘက်ကြီးရောက်လာတာလဲ။"

"အရာရှိထောင်၊ ကျွန်တော်တို့ ခင်ဗျားဆီမှာ အရေးကြီး အကူအညီတောင်းစရာရှိလို့။" လင်းကျောက်ဝမ်က အခြားရှိနေသူများအား တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now