"ဖွီ" အကျဉ်းထောင်စောင့်က ကျားယင်ကို လည်ပင်းညှစ်လိုက်သည်။ "မင်း အသံမတိုးရင် ငါမင်းကိုလည်ပင်းညှစ်သတ်ပစ်မယ်။"

"မင်း...မင်းမှာ အဲ့လိုလုပ်ဖို့ သတ္တိမရှိပါဘူး။ ငါသာ ဒီမှာ ရုတ်တရက်သေသွားရင် တစ်စုံတစ်ယောက်က လာစုံစမ်းမှာပဲ။ မင်း လွတ်မှာမဟုတ်ဘူး။" ကျားယင်က မျက်နှာကြီးနီရဲကာ သူ့လည်ပင်းရှိလက်အား တွန်းဖယ်ရန် ကြိုးစားရင်း ခက်ခက်ခဲခဲ ပြောသည်။

"ဒါဆိုလည်း သွားတိုင်ပြောလေ။ မင်းက သေဒဏ်စီရင်ခံရဖို့ စောင့်နေတဲ့အပြစ်သားပဲ။ မင်း တစ်ရက်၊ နှစ်ရက်လောက်စောသေသွားလို့ ဘယ်သူမှဂရုမစိုက်ဘူး။ ငါက အဆိုးဆုံးမှ အလုပ်ပြုတ်ရုံပဲ၊ အဲ့ထက်မပိုဘူး။" အကျဉ်းထောင်စောင့်က ရက်စက်စွာပြုံးကာ လက်ကို အားပိုထည့်လိုက်သည်။

ကျားယင်က လည်ပင်းပေါ်မှလက်အားဖယ်ရန် ပို၍ခက်ခက်ခဲခဲကြိုးစားလာပြီး မျက်နှာပေါ်ရှိ စိတ်ဒုက္ခမှာလည်း ပိုလေးနက်လာသည်။ "မင်း ငါ့ရွှေတွေယူသွားတာကို ငါဖွင့်ပြောလိုက်မှာ မကြောက်ဘူးလား။"

"ဘာသက်သေမှမရှိရင် မင်းကို ဘယ်သူမှယုံမှာမဟုတ်ဘူး။ အဲ့ဒိသေတ္တာက အလွတ်ကြီးလို့သာ ငါပြောလိုက်ရင် ဘာသက်သေပြစရာမှ ရှိမနေဘူး။"

"မင်း..."

"ငါမင်းကို ပြောစရာရှိသေးတယ်၊ ကျားယင်။ မင်း ဒီကနေ ဘယ်တော့မှ လွတ်မှာမဟုတ်ဘူး။ အရာရှိထောင်က မင်းကိုသက်ညှာပေးချင်ရင်တောင် အကယ်၍ဆိုတာရှိသေးတယ်။ လင်းမိသားစုရဲ့လူတွေက မင်းကိုဘယ်နည်းနဲ့မှ အလွတ်ပေးမှာမဟုတ်ဘူး။ လင်းမိသားစုကို ဘယ်အရေးကြီးပုဂ္ဂိုလ်က ဘာထောက်ပံ့ပေးလဲ မင်းသိလား။ မင်း သူ့နာမည်ကိုကြားရင် ချီးထွက်အောင် ကြောက်သွားလိမ့်မယ်။"

အကျဉ်းထောင်စောင့်က ထိုစကားကိုပြောပြီးနောက် ကျားယင်ကို ခပ်ကြမ်းကြမ်းတွန်းလိုက်ရာ ကျားယင်ခြေမခိုင်ဖြစ်ကာ မြေကြီးပေါ်သို့ ဖင်ထိုင်ရက်ပြုတ်ကျသွားသည်။ ထို့နောက် သူကနာကျင်စွာညည်းညူကာ ပြင်းပြင်းထန်ထန်ချောင်းဆိုးရတော့သည်။

အခြားသူများသည်လည်း ဆူညံသံများကြောင့် အာရုံစိုက်လာကြသည်။ အကျည်းထောင်စောင့်အချို့ရောက်လာကာ မေးကြသည်။ "ဘာဖြစ်နေကြတာလဲ။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now