124

3.2K 577 15
                                    

ဒေါသကြောင့် တတိယအကြိမ်သွေးအန်ခြင်း
......................................................

ထိုညတွင်ပင် အကျဉ်းထောင်စောင့်က လူစားဝင်ပေးရသည်။ ကျားယင်မှာ သူ့ကိုမြင်သည်နှင့် မထိန်းနိုင်ဘဲ စိတ်လှုပ်ရှားကာ စကားပြောရန် အခွင့်ချောင်းနေသည်။

သို့သော် အကျဉ်းထောင်စောင့်က သူ၏အချက်ပြမှုအားလုံးကို လစ်လျူရှုထားသည်။ တစ်ခုခုမှားယွင်းနေသည်ကို ကျားယင်သဘောပေါက်လာသည်။ သူက လက်ဟန်ခြေဟန်ပြနေခြင်းများကိုရပ်ကာ ထိုအကျဉ်းထောင်စောင့်၏အာရုံစိုက်မှုကိုရရန် စတင်အော်ဟစ်တော့သည်။

အခြားအကျဉ်းထောင်စောင့်များကလည်း ကျားယင်ဘက်သို့ ကြည့်လာရာ ထိုအကျဉ်းထောင်စောင့်မှာ ရွေးချယ်စရာမရှိဘဲ ကျားယင်၏အကန့်ဘက်သို့ လျှောက်လာရသည်။ "ရပ်စမ်း။ မင်းက သေခါနီးနေပြီလေ။ ဘာလို့ ပြဿနာရှာနေသေးတာလဲ။ မင်းစောစောသေချင်ရင်လည်း ငါကူညီပေးလို့ရတယ်။"

"မင်း..." ကျားယင်က အံကြိတ်ကာ အသံတိုးတိုးဖြင့်မေးသည်။ "မင်း သေတ္တာကို တူးခဲ့တယ်မဟုတ်လား။"

"တူးချင်တူးမယ်၊ မတူးချင်မတူးဘူး။ အဲ့ဒါက မင်းနဲ့ဘာဆိုင်လို့လဲ။" အကျဉ်းထောင်စောင့်က ကြမ်းကြုတ်သောလေသံဖြင့်ပြောသည်။

"မင်း ငါ့ရဲ့ရွှေတွေကို ယူလိုက်တယ်လေ။ မင်းငါ့ကို ကူညီရမယ်။" ကျားယင်က ဒေါသတကြီးပြောသည်။

"မင်းကို ကူညီရမှာလား။ ကျားယင်၊ ငါမင်းရဲ့ရွှေတွေကို ယူလိုက်တယ်လို့ ဘယ်သူပြောလဲ။ အဲ့ဒိသေတ္တာက အလွတ်ကြီး။ အထဲမှာ ဘာမှမရှိဘူး။ ငါ့ကိုလိမ်တဲ့အတွက် မင်းရဲ့ဖင်ကိုမကန်တာပဲ ကံကောင်းနေပြီ။ ဒါတောင် မင်းက ငါ့ကိုအကူအညီတောင်းချင်နေသေးတယ်ပေါ့။" အကျဉ်းထောင်စောင့်၏မျက်နှာက သုန်မှုန်သွားသည်။

"မဖြစ်နိုင်ဘူး။" ကျားယင်က အသံကျယ်လိုက်သည်။ "ငါ အဲ့ဒိသေတ္တာကို ကိုယ့်ဘာသာကိုယ် မြေမြှုပ်ထားတာ။ အဲ့ဒါရှိနေတာကို ဘယ်သူမှမသိဘူး။ မင်းမတိုင်ခင် ဘယ်သူမှ အဲ့ဒိရွှေကိုယူသွားစရာအကြောင်း မရှိဘူး။ အဲ့ဒါ မင်းလက်ချက်ပဲဖြစ်ရမယ်။ မငြင်းနဲ့။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now