123

3.2K 547 12
                                    

ကျားယင်၏ မတရားဖိနှိပ်မှု
..................................

သူတို့ ဘာလို့မကြောက်တာလဲ။

လင်းမိသားစုတွင် စစ်သူကြီးယွီဝမ်ရှိနေသောကြောင့်ပင်။

လင်းမိသားစု၌ ယွီဝမ်ထုန်ရှိနေခြင်းက အစေခံအားလုံးကို သတ္တိရှိလာစေသည်။ သူတို့အားလုံးက တစ်ယောက်ချင်းစီ၏ကိုယ်ပေါ်တွင် အကာအကွယ်အဆောင်ရှိနေသကဲ့သို့ ရဲတင်းနေကာ မည်သည့်အချိန်တွင်မဆို "ငါ့ဆီလာခဲ့စမ်းပါ၊ သူခိုးရာ" ဟု အော်ချင်နေပုံပေါ်သည်။

လက်ပါးစေတစ်ယောက်က စစ်သည်တော်တစ်ဦးကဲ့သို့ ချီတက်နေပုံကို လင်းကျန်တွေ့သောအခါ မျက်ဆန်လှည့်မိသည်။

'ဒီလူတွေ စိတ်လွတ်သွားပြီလား။' သူတွေးမိသည်။

သူ့နောက်တွင် ယွီဝမ်ထုန်က မရယ်မိစေရန် ထိန်းထားရသည်။ "မင်းရဲ့အစေခံတွေက မင်းလိုပဲ၊ တော်တော်စိတ်ဝင်စားစရာကောင်းတယ်။"

လင်းကျန်က ခေါင်းလှည့်ကာ ယွီဝမ်ထုန်ကို မကြည်မသာ ကြည့်လိုက်သည်။ 'ဒီလူ အမြင်အာရုံများ ချို့ယွင်းနေပြီလား။ ငါနဲ့ ဒီအရူးတွေ ဆင်တယ်လို့ သူဘယ်မျက်လုံးနဲ့ မြင်တာလဲ။'

လင်းကျန်၏ မကြည်မသာအကြည့်ကြောင့် ယွီဝမ်ထုန်၏ကိုယ်တွင်းသို့ အပူလှိုင်းတစ်လှိုင်း ဖြတ်စီးသွားရာ လင်းကျန်ကို ချက်ချင်းပွေ့ဖက်ဖျစ်ညှစ်ကာ နမ်းချင်စေလာသည်။ သို့သော် လက်ရှိတွင် လင်းကျန်က မဟာမာန်တောင်ပေါ်ရှိ အခြေအနေကိုသာမက ကျန်ချောင်းနှင့်ဖြစ်အံ့ဆဲဆဲပဋိပက္ခကိုပါ အလေးအနက်စိုးရိမ်နေသည်။ 'ငါသာ အဲ့လိုလုပ်လိုက်ရင် သူမလွဲမသွေ ဒေါသထွက်မှာပဲ။'

စစ်သူကြီးယွီဝမ်မှာ မတတ်သာစွာ သက်ပြင်းချလိုက်ရပြီး တိတ်တခိုးတွေးနေသည်။ 'ငါသာ မြို့တော်ကို အခုပြန်သွားနိုင်ရင် သူငါ့ကိုလက်ထပ်ဖို့ နည်လမ်းတစ်ခုကို ရှာရမယ်။'

လင်းကျန်မှာ သု့အနောက်တွင်ရပ်နေသည့် ယွီဝမ်ထုန်၏အတွေးကို သတိမထားမိပေ။ သူသာ သိပါက ယွီဝမ်ထုန်ကို ထပ်မံ၍ မကြည်မသာကြည့်ကာ ပြောလိမ့်မည်။ "ခင်ဗျားက စိတ်ကူးယဉ်နေတာပဲ။ ကျွန်တော် ခင်ဗျားကို လက်ထပ်မယ်လို့ ဘယ်သူပြောလဲ။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now