အကျဉ်းထောင်စောင့်က သူ့ကိုမယုံကြည်ပေ။ 'ကျားမိသားစုရဲ့ပိုင်ဆိုင်မှုအားလုံးက နိုင်ငံတော်ဘဏ္ဍာအဖြစ် အသိမ်းခံလိုက်ရပြီလေ။ ကျားယင်က ဘယ်လိုမှ ကတိတည်နိုင်မှာမဟုတ်ဘူး။ ပြီးတော့ ကျားယင်လွတ်ဖို့ငါကူညီပေးခဲ့တယ်ဆိုတာကိုသာ တစ်ယောက်ယောက်သိသွားရင် ငါပြစ်ဒဏ်စီရင်ခံရလိမ့်မယ်။ ရတနာတွေရတော့ကော ငါအဲ့ဒါတွေကို ဖြုန်းနိုင်လောက်အောင် အသက်မရှည်ရင် ဘာအကျိုးရှိမှာလဲ။'

သို့သော် ကျားယင်က လက်မလျှော့ပေ။ သူက အကျဉ်းထောင်စောင့် ကူညီရန် ဇွတ်ကြိုးစားနားချသည်။

"ငါက မင်းရဲ့ခိုင်လုံမှုကို မေးခွန်းထုတ်တာမဟုတ်ပေမဲ့ အဓိပ္ပါယ်ရှိတာကိုပဲ ပြောပါလား။ မင်းမိသားစုရဲ့ပိုင်ဆိုင်မှုအားလုံး အသိမ်းခံလိုက်ရပြီ။ မင်းကိုကူညီတဲ့အတွက် ငါ့ကိုဘာကမ်းလှမ်းနိုင်ဦးမှာမို့လို့လဲ။" အကျဉ်းထောင်စောင့်က စိတ်မရှည်တော့ပေ။

"ငါ့မှာ တခြားကမ်းလှမ်းစရာရှိပါသေးတယ်။ ငါ့ကိုယုံ။ သူတို့က သူတို့ရှာတွေ့ထားတာတွေကိုပဲ သိမ်းသွားတာ။ ငါတခြားနေရာမှာသိမ်းထားတဲ့ ရွှေ၊ငွေ၊ကျောက်မျက်ရတနာတွေ အများကြီးရှိသေးတယ်။ မင်းငါ့ကို ဒီနေရာကနေလွတ်ဖို့ ကူညီပေးတာနဲ့ ငါအဲ့ဒါတွေကို ဘယ်မှာမြှုပ်ထားတယ်ဆိုတာ ပြောပြမယ်။ အဲ့ဒါတွေအားလုံးက မင်းဟာပဲ။" ကျားယင်က အကျဉ်းထောင်စောင့်၏မယုံကြည်မှုလျော့သွားစေရန် စိုးရိမ်ပူပန်စွာနားချသည်။

အကျဉ်းထောင်စောင့်က သူ့စကားကိုသိပ်မယုံပေ။ "ဒီကျောက်မျက်ရတနာတွေ တကယ်ရှိသလား၊ မရှိဘူးလားဆိုတာကိုထားဦး၊ အဲ့ဒါတွေရှိနေရင်တောင် မင်းကငါ့ကိုပေးနိုင်တဲ့အထိ ရက်ရောပါ့မလား။ မင်းက ငါမင်းကိုကူညီအောင် လှည့်စားနေတာပဲ။ ငါ့ကိုအရူးမလုပ်နဲ့။"

"ဆရာရယ်၊ ငါလိမ်နေတာမဟုတ်ပါဘူး။ ငါမင်းကို ရတနာဖွက်ထားတဲ့တခြားနေရာကို ပြောပြလို့ရတယ်။ အဲ့ဒိမှာ ရတနာနည်းပေမဲ့ တော်တော်တန်ဖိုးရှိပါသေးတယ်။ အဲ့ဒါကို စရံပေးတာလို့ယူဆလိုက်ပါ။ မင်းငါ့ကို ဒီကနေလွတ်ဖို့ ကူညီပြီးသွားရင် ငါရတနာရှိတဲ့တခြားနေရာအကြောင်း ပြောပြမယ်။ ငါဘယ်တော့မှ ကတိမဖျက်ပါဘူး။ ငါကတိဖျက်ရင် မင်းရုံးတော်ကို တင်ပြပြီး ငါ့ကိုလိုက်ဖမ်းလို့ရတာပဲ။ ငါ့ကိုလွှတ်ပေးလိုက်တာက မင်းဆိုတာကို ဘယ်သူမှရှာတွေ့မှာမဟုတ်ဘူး။ မင်းငါ့ကိုဖမ်းပြီး ဒီကိုပြန်ခေါ်လာရင် မင်းကိုထူးချွန်တယ်ဆိုပြီး ရာထူးတိုးပေးလိမ့်မယ်။ မင်း အကျဉ်းထောင်စောင့်ဖြစ်တော့မှာမဟုတ်ဘူး။ မင်း အကျဉ်းထောင်ဦးစီးဖြစ်သွားလိမ့်မယ်။ ရဲချုပ်တောင်ဖြစ်သွားနိုင်တယ်။" ကျားယင်က အကျဉ်းထောင်စောင့်ကို ဆက်လက်နားချရန် ကြိုးစားသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now