Ending

3.6K 196 17
                                    

Unicode...

🎶 ချစ်ခွန်းတုံ့တင်... တွင်တွင်သူ​​ပြော... ​မောလည်း​​မောနိုင်ဘူးရှင်... ပန်းလည်းပန်းနိုင်ဘူးရှင်... ပိုင်ပိုင်နိုင်နိုင်... ​မေ့နားမှာသူထိုင်... စကား​တွေလှိုင်လှိုင်ချွဲ... သဲကြီးမဲကြီးစွဲပြီး ချစ်သတဲ့ရှင်...🎶

အ​နောက်ကထွက်လာတဲ့အသံကို ပါးစပ်​လေးလှုပ်စိလှုပ်စိနဲ့ လိုက်ဆိုလို့ ​ကွေး​နေ​​အောင် က​နေသူ​လေးက​တော့ တခြားသူမဟုတ်။ မင်းထွဋ်ရဲ့ ညိုမြက​လေး။

ထိုင်မသိမ်းနဲ့ ဆံထုံးအရစ်ရစ်ဖွဲ့လို့ အငြိမ့်မင်းသမီး​လေးအတိုင်း ရွှင်ပျပျမျက်နှာ​ပေးနဲ့ ကလည်းကတတ်ပါ​ပေ့။ မသိတဲ့သူ​တွေဆို မိန်းက​လေးအစစ်လို့ ထင်ကြမှာ ​သေချာတယ်။

​အောက်ကပရိတ်သတ်​တွေကလည်း ​သောင်း​​သောင်းဖျဖျနဲ့ကို အား​ပေးတာ။ တချို့​တွေများဆို ဝမ်းစမိုး ဝမ်းစမိုးနဲ့ ​နောက်ထပ် ထပ်ကဖို့ ​တောင်းဆိုကြတာ။ အများစုက​တော့ ​​ယောက်ျားသား​တွေ​ပေါ့။

အစက​တော့ မင်းထွဋ် စင်​အောက်က​​နေ အမြတ်တနိုးနဲ့ ကြည့်​နေမိ​သေးတယ်။ ဒီမင်းသမီးက​လေး အခုလို လူလယ်​​ခေါင်မှာ မကရဲခဲ့တဲ့အချိန်ကတည်းက ​ဟောဒီက​ကောင်က သူ​လေးရဲ့အလှတရားကို ရှာ​တွေ့ခဲ့တာ​လေ။

ယောက်ျားသားများရဲ့ လက်ခုပ်ဩဘာသံ​တွေ၊ အထာ​ပေးသံ​တွေ၊ ပန်း​​​ပေးကြတာ​တွေကိုမြင်ရကြားရ​တော့ မင်းထွဋ် ဒီအတိုင်း ရပ်မကြည့်ချင်​တော့ဘူး။ နှ​မြောလာပြီ​​လေ။ သဝန်တိုလာပြီ​လေ။ ချက်ချင်း စင်​ပေါ်ကိုတက်၊ ညို့လက်ကိုဆွဲပြီး အဲဒီမင်းသမီး​လေးဟာ မင်းထွဋ်အပိုင်ရယ်လို့ လက်ခ​မောင်းခတ်​ကြေညာပစ်လိုက်ချင်ပြီ။

ဝမ်းစမိုး ဝမ်းစမိုး ဆိုတဲ့အသံ​တွေကိုလည်း မကြားချင်​တော့ဘူး။ ​၅မိနစ်​ကျော်​လောက် ကခဲ့ပြီးပြီပဲ။ တော်ပြီ​ပေါ့။ ညိုက ဇာတ်ပိုင်ရှင်အကူအညီ​တောင်းလို့သာ ဝင်ကတာ။ ဇာတ်မင်းသမီးမှမဟုတ်ဘဲဟာ။

မာမီ​ရွှေမြတို့ရပ်ကွက် ဘုရားပွဲမှာ ဇာတ်ငှား​တော့ ဇာတ်ပိုင်ရှင်က မာမီ​နဲ့သိတာနဲ့ ဆိုင်ကို​ရောက်လာပြီး အလ္လပ သလ္လာပ​ပြောကြရာက​နေ ညိုက သူလည်း တပင်တိုင်ကရတာ ဝါသနာပါ​ကြောင်း ​ပြောဖြစ်သွားတယ်​လေ။

ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်Where stories live. Discover now