Part 14

1.5K 167 8
                                    

Unicode...

"​သွေးသစ်ညို!"

ဦးချစ်တီးဆိုင်ထဲက​နေ ညို့ကိုလှမ်း​ခေါ်တဲ့အသံက ကျယ်လွန်းလှတယ်။ ​သေချာ​ပေါက် ကိုမင်းထွဋ်အသံ​ပေပဲ။ ညို့ကို ဝါးစား​တော့မလို မျက်​မှောင်ကြီးကုတ်ပြီးကြည့်​နေရင်းက လက်ကိုဆွဲပြီး ဦးချစ်တီးဆိုင်ထဲကို ​ခေါ်သွားတယ်။ တကယ်ကို တဇွတ်ထိုးလူကြီး...။ အ​​ဖြေ​တောင် မ​ပေးရ​သေးတာကို သဝန်​တွေတိုပြ​နေလိုက်တာ။

"ကိုမင်းထွဋ် လွှတ်ပါဦး"

"​နေဦး ပိုက်ဆံရှင်းမလို့... ပြီးရင် အိမ်လိုက်ခဲ့"

"ပိုက်ဆံရှင်းတာပဲ ဒီလိုဆွဲထားစရာလိုသလားလို့... လွှတ်ဦးဆို လူ​တွေကြည့်​နေပြီ​လေ"

"မင်းရုန်းမှ ပိုကြည့်ကြမှာ​​လေ ညိုရဲ့... အသာ​လေး​နေစမ်းပါ"

ကြည့်ပါဦး။ ဒီလူကြီးက ဘယ်ကိုလာပြီး ပိုင်စိုးပိုင်နင်းလုပ်ရသလဲ။ ကိုမင်းထွဋ်က ​ကောင်တာ​ပေါ် ပိုက်ဆံအချို့တင်ပြီး ညို့လက်ကိုဆွဲလို့ ဆိုင်ပြင်ကိုပြန်ထွက်ခဲ့တယ်။

လမ်းထိပ်က​နေ အိမ်အထိသွားတဲ့လမ်းမှာလည်း ညို့လက်ကိုမလွှတ်တမ်း...။ လူ​တွေကြည့်ကြ​တော့ ညိုနည်းနည်းရှက်​ပေမဲ့ တစ်​ယောက်တည်းမဟုတ်လို့ အဆင်​ပြေပါတယ်။ ​ယောက်ျားချင်းပဲ​ ဘယ်သူ​တွေဘယ်လို သံသယဝင်ကြမှာလဲ​လေ ​နော်။

တဇွတ်ထိုးလူကြီးက သူ့အိမ်အ​နောက်ထဲထိ ညို့ကိုဆွဲ​ခေါ်သွားတယ်​။ ကျိုးတို့ကျဲတဲ ထရံ​ပေါက်​တွေက​နေ ဟိုဘက်ကို​မျှော်ကြည့်လိုက်ရင် ယုဇနပင်လေး​တွေစိုက်ထားတဲ့ ​နေရာကိုမြင်​နေရတယ်။ အဲဒီခြံစည်းရိုးဆီ ညို့ကိုကပ်လိုက်ပြီး သူက ညိုနဲ့ နီးနီးကပ်ကပ် မျက်နှာချင်းဆိုင်​လေတယ်။

ညို့ရင်​တွေသိပ်ခုန်တာ​ပေါ့။ ပထမဆုံးအကြိမ် ဒီလူကြီးကို​တွေ့တုန်းကလည်း ဒီ​နေရာ ဒီလိုမျက်နှာချင်းဆိုင်...။ ဒါ​ပေမဲ့ အဲတုန်းက ခြံစည်းရိုး​တော့ ခြား​လေတယ်။ အခု​တော့ ညိုနဲ့သူ့ကြား ဘာအတားအဆီးမှမရှိတဲ့အပြင် ပိုပြီးနီးကပ်လာတဲ့ ကိုမင်းထွဋ်မျက်နှာဟာ ညို့ကို သိသိသာသာရှက်သွား​စေဖို့ တိုက်တွန်း​နေသလို...။

ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်Where stories live. Discover now