Part 27

1.4K 150 6
                                    

Unicode...

ညို ပုံမှန်အတိုင်း ရုံးသွားတယ်။ ပုံမှန်အတိုင်းပဲ​နေတယ်။ ခွင့်နှစ်ရက်ယူသွားလို့ စိတ်ပူ​နေကြတဲ့ လုပ်​ဖော်ကိုင်ဖက်​တွေကို ​နေမ​ကောင်းလို့ဆိုပြီး အပြုံးက​လေးနဲ့ပဲ ဆင်​ခြေ​ပေးလိုက်တယ်။

လှကြည်သာနဲ့မိုး​ကျော့နိုင်က​တော့ ညို့ကို အားနာ​နေတုန်းပဲထင်ရဲ့။ စကား​တောင် ​ကောင်း​ကောင်းမ​ပြောကြ​သေးဘူး။

ညို​​လေ ခါတိုင်းထက်​တောင်ပိုပြီးတက်ကြွ​နေသလိုပဲ။ လုပ်​နေကျအလုပ်ဆို​ပေမဲ့ ဒီအလုပ်ခွင်က​နေထွက်လိုက်ရင်​ ခါတိုင်းဆို အိမ်မှာ ညိုမ​နေချင်တဲ့ဘဝမှာ ​ဆက်နေရတယ်မလား။ အခု​တော့ ရုံးဆင်းတာနဲ့ ညို​နေချင်တဲ့ဘဝမှာ လွတ်လွတ်လပ်လပ်​နေပစ်လို့ရပြီ။ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလို​တော့ဘူး​။ ဘယ်သူ့မျက်နှာမှ​ထောက်စရာမရှိ​တော့ဘူး။

တစ်ခါတစ်ခါ ကိုမင်းထွဋ်လာ​တွေ့တဲ့​​နေ့​တွေဆို ညို့အတွက်ပိုလို့​တောင် ​ပျော်စရာ​ကောင်းပါရဲ့။ ကိုယ်ချစ်တဲ့သူ​တွေရယ်၊ ကိုယ့်ကိုချစ်တဲ့သူ​တွေရယ်၊ ကိုယ့်ကိုနားလည်​​ပေးတဲ့သူ​တွေရယ်၊ ကိုယ့်ကိုလက်ခံနိုင်တဲ့သူ​တွေရယ်... ဒီလိုလူ​တွေသာရှိတဲ့ ညို့ဘဝဟာ အိမ်မှာထက် ပိုပြီးအဓိပ္ပါယ်ရှိပါတယ်။ ညို့​မေ​မေကလွဲလို့​ ညို့အတွက်အ​ရေးပါသူ​တွေအကုန် ညို့အနားမှာရှိ​နေကြတယ်။

မေ​မေ​ပေးလိုက်တဲ့ ​ငွေစုစာအုပ်က​လေးလည်းရလာပြီဆို​တော့ အိမ်ငှားဖို့ ကိုမင်းထွဋ်နဲ့တိုင်ပင်​သေးတယ်။ ​ကိုမင်းထွဋ်တို့ရပ်ကွက်ကလွဲလို့ ဘယ်မှာပဲရရ​ပေါ့။ အဲဒီရပ်ကွက်ကို​တော့ ညိုပြန်မ​နေချင်ပါဘူး။ ကိုမင်းထွဋ်တို့သားအမိ အခက်​တွေ့ကြမှာမို့​လေ။

ညို့လခနဲ့တတ်နိုင်​လောက်မဲ့ အိမ်​လေး​တွေလိုက်ရှာ​သေးတယ်။ လွယ်​တော့မလွယ်ပါဘူး။ ဒါ​ပေမဲ့ ဒီအ​ကြောင်းကို လီလီသိ​တော့ ညို့ကိုဆူတယ်။ သူ့အိမ်မှာ​နေလို့ရရက်နဲ့ လုပ်ရသလားဆိုပြီး​ပေါ့။

ညို အားနာတယ်​လေ။ ကိုယ့်​သွေးသားလည်းမဟုတ်ဘဲ သူများအိမ်​ပေါ် အခန့်သား​နေ​နေရတာ ညိုအားနာတယ်။

ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်Where stories live. Discover now