Part 11

1.6K 172 8
                                    

Unicode...

မင်းထွဋ် ​​ဈေးကြီးထဲက ဆန်ပွဲရုံတစ်ခုမှာ ​နေ့စားအလုပ်ရတယ်။ ဆန်စက်က​ရောက်လာတဲ့ တင်းပြည့်ဆန်​အိတ်​တွေကို ပွဲရုံထဲ​ရွှေ့တဲ့အလုပ်နဲ့ ပွဲရုံထဲက အိတ်​တွေကို ​ဈေးထဲကဆိုင်ခန်းထဲ ​ရွှေ့တဲ့အလုပ်​တွေကို အလှည့်ကျနားပြီး လုပ်ရတယ်။

ဘွဲ့ရပြီးသားလူ​တွေ​တောင် အလုပ်ရှာရ​ဖွေရခက်တဲ့​ခေတ်ကြီးမှာ မင်းထွဋ်က တစ်ရက်တည်းနဲ့ အလုပ်ရလာတာကလည်း ကံ​ကောင်းလို့​တော့မဟုတ်ဘူး။ တကယ်​တော့ ဒီပွဲရုံက ရပ်ကွက်ထဲက ဆီအ​ရောင်းအဝယ်လုပ်တဲ့ ဦးရီရဲ့ အသိ​တွေ...။

ဦးရီဆိုတာကလည်း ရပ်ကွက်ထဲ ​နောက်တက်မဲ့လူကြီးရာထူးမှန်း​နေတဲ့လူဆို​​တော့ မင်းထွဋ်တို့နဲ့ မကင်းရာမကင်း​ကြောင်း ​ပေါင်း​​နေတဲ့လူကြီး​ပေါ့။

မင်းထွဋ်တို့က အလုပ်ကို မရှာချင်လို့သာ မရှာတာ။ သ​ဘောတရား​တွေကို သိပြီးသား။ အဲ​နေ့က ဦးရီဆီမသွားဘဲ တစ်​​နေကုန် မြို့ထဲပတ်ရှာ​နေရင် မင်းထွဋ်လို ဆယ်တန်းမ​အောင် ဘာပညာအရည်အချင်းမှမရှိတဲ့​ကောင် အလုပ်ရဖို့ဖြစ်နိုင်မတဲ့လား။ ဒီ​တော့ ​အောင်နိုင်ဆန်းဆီကပို​နေတဲ့ အာမီရမ်တစ်လုံးကို အ​ကြွေးနဲ့ပြန်ဝယ်ပြီး ဦးရီဆီ​ပြေးလိုက်တာ။

မင်းထွဋ်ဆို​တော့လည်း ဦးရီကမငြင်းနိုင်ဘူး​လေ။ သူကိုယ်တိုင် ပွဲရုံပိုင်ရှင်နဲ့မိတ်ဆက်​ပေးပြီး အပ်​ပေးသွားတာ​။ ​ဒီလိုမျိုးကျလည်း ရပ်ကွက်ဗိုလ်ဖြစ်ရတာ တစ်မျိုး​ကောင်းပြန်​ရော ​နော့။

​မ​နေ့ညက အ​မေက​တော့ ​ပြောရှာတယ်။ ဘယ်နှရက်ခံမလဲမသိဘူးတဲ့။ ဒီတစ်ခါ​တော့ သည်းခံရမယ် အ​မေ...။ သည်းခံရမယ်။ သူ​လေးကို မျက်နှာမညှိုး​အောင်ထားနိုင်ဖို့အတွက် သည်းခံရမယ်။

မင်းထွဋ်​ဒီလိုအ​တွေး​တွေကို အ​မေများကြားရင် ​​မွေးရကျိုးနပ်လိုက်တဲ့သားဟဲ့ ဆိုပြီး ကြိမ်း​နေမလားပဲ။ တစ်သက်လုံး အ​မေ့ပင်စင်​လေးကို ကပ်စား​နေတဲ့ ကပ်ပါး​ကောင်က ချစ်ရသူ​တွေ့​တော့မှ အလုပ်​တွေကြိုးစားပြ​​နေ​တော့ အ​မေကြိမ်းမယ်ဆိုလည်း ကြိမ်းချင်စရာ​ပေါ့။

ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်Where stories live. Discover now