Part 26

1.4K 148 13
                                    

Unicode...

ပတ်ဝန်းကျင်ဟာ ​ခေတ္တမျှတိတ်ဆိတ်​​နေတယ်။ လှိုင်းခက် သူ့အကြည့်​တွေကို မင်းထွဋ်ဆီက​​နေဖယ်ခွာပြီး -

"ကဲ ​သွေးသစ်ညို... မင်းနဲ့ လှကြည်သာ နှစ်ဦးတည်းစကား​ပြောသင့်တယ်ထင်တယ်"

လှိုင်းခက်နဲ့ဖြူဖြူ​​အောင်က ထပြီးအပြင်ထွက်သွားကြတယ်။ ညိုလည်း ကိုမင်းထွဋ်ကို မျက်နှာရိပ်ပြ​တော့ ကိုမင်းထွဋ်လည်း အလိုက်တသိအပြင်ထွက်သွား​​ပေးတယ်။

အားလုံးအပြင်​ရောက်ပြီဆိုမှ ညိုက လှကြည်သာ​​ဘေးကပ်ထိုင်ပြီး -

"ရုံးမှာ တစ်ခုခုဖြစ်လို့လား ကြည်သာ"

ကြည်သာက မျက်နှာမ​ဖော်​သေး။ နှာတရှုံ့ရှုံ့နဲ့လုပ်​နေ​သေးတယ်။

"ငါ ငါ​တောင်းပန်ပါတယ် ​သွေးသစ်ရယ်"

"ဘာကို​တောင်းပန်တာလဲ ငါ့ကိုနားလည်​အောင်​ပြောပါဦး ကြည်သာရယ်"

ကြည်သာ မျက်ရည်လည်ရွှဲနဲ့ အ​ကြောင်းစုံ​ပြောပြ​တော့ ညို မလှုပ်မယှက်သာနား​ထောင်​နေလိုက်တယ်။ ကြည်သာ့ကိုအပြစ်မတင်ပါဘူး​လေ။ မဟုတ်လည်း တစ်​နေ့ကျ သိမဲ့ကိစ္စ။ ပြီး​တော့ သူကလည်း သူ့စိတ်ကူး​လေးနဲ့သူကိုး​။

"ရပါတယ် ကြည်သာရယ်... ငါနင့်ကို ခွင့်လွှတ်ပါတယ်... အမှန်တရားဆိုတာ ကြာကြာဖုံးကွယ်လို့မ​ကောင်းပါဘူး... အချိန်တန်ရင် သိကြမှာချည်းပဲ... ပြီး​တော့​လေ ငါက နင်​ပြောသလိုပြင်လို့မရတဲ့လူပါကွယ်... ခက်ခဲတယ် ကြည်သာရဲ့... အဲဒါ​ကြောင့်လည်း တစ်ခါတစ်ခါ​ သာမန်လူ​တွေလိုပဲဖြစ်ချင်​တော့တယ်လို့ တွေးမိတယ်... ​ဒါ​ပေမဲ့ ဒီလိုဖြစ်တည်မှုဆိုတာ လွယ်လွယ်ပြင်လို့မှမရပဲကွယ်"

"ငါ အစတည်းက နားလည်ခဲ့သင့်တာပါ ​သွေးသစ်... အခု​တော့ ငါ့​ကြောင့်နဲ့ နင်"

"ရပါတယ်ဆိုကွယ်... ငါ့အ​ဖေကိုက ဒီလိုလူမျိုး​တွေကို မုန်းတယ်ရွံတယ်​လေ... ငါကိုယ်တိုင်က ငါ့အ​ဖေမုန်းတဲ့သူ​တွေလိုမျိုးဆို​တော့ ဘာပြော​​ကောင်းမလဲ"

​နောက်ပိုင်းမှာ ညို အရယ်တစ်ပိုင်းနဲ့​ပြော​တော့ လှကြည်သာက ထူးဆန်းသလို မျက်လုံးပြူးကြီးနဲ့ကြည့်တယ်။

ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်Onde as histórias ganham vida. Descobre agora