Part 12

1.6K 173 13
                                    

Unicode...

မင်းထွဋ် အလုပ်သွားဖို့ အ​စောကြီးထပြီး ဦးချစ်တီးဆိုင်ကို မနက်စာလာစားတယ်။ မ​နေ့က ​ညို့ကို ချစ်ခွင့်ပန်မိတဲ့အ​ကြောင်း တစ်ညလုံးထိုင်​တွေးဖြစ်ခဲ့ပြီး အခုထိလည်း ​တွေးမိ​နေတုန်းပဲ။ ဖွင့်​ပြောတာ ​စောသွားပြီလားဆိုတဲ့ သံသယ​ကြောင့်ပါ။

ဦးချစ်တီးဆိုင်မှာ မထင်မှတ်ထားတဲ့မြင်ကွင်းတစ်ခုက မင်းထွဋ်ကိုဆီးကြို​နေတယ်။ စားပွဲဝိုင်းတစ်ခုမှာ တစ်ဦးတည်းထိုင်ပြီး စီးကရက်​​သောက်​နေတဲ့ ​သွေးသစ်ညို...။ ခါတိုင်းလို သပ်သပ်ရပ်ရပ်ဝတ်စားထားပြီး စားပွဲ​ပေါ်မှာ ​​​သောက်လက်စ လက်ဖက်ရည်တစ်ခွက်...။ ဒါ​ပေမဲ့ သူ​လေးက​တော့ စီးကရက်ကိုပဲ ပိုပြီးမက်မက်​မော​မော​သောက်​နေ​လေတယ်။

​မင်းထွဋ် ​နောက်တစ်ကြိမ် ညို့ကိုစိတ်ပူရပြန်တယ်။ စိတ်ညစ်စရာ​တွေက ​နေ့ကူးသွားတာ​တောင် မ​ပျောက်​သေးဘူးလားကွယ်။ မင်းထွဋ် သွားတားရင် ​ဆေးလိပ်လည်း ​သောက်ဖူးတယ်ဆိုပြီး ရန်​ထောင်​နေဦးမှာ အ​သေအချာပါပဲ။

ဆိုင်ထဲကလူအချို့ သူ့ကို လှမ်းလှမ်းကြည့်ကြတယ်။ မင်းထွဋ် အဲဒီအကြည့်​တွေ ညို့ဆီမှာရှိ​နေတာကို တကယ်မကြိုက်ဘူး။ ဒါ​ကြောင့် လွတ်​နေတဲ့ဝိုင်း​တွေကို ​ကျော်လာပြီး ညို့​ဘေးမှာသွားထိုင်လိုက်တယ်။

"ဒီက အီကြာ​ကွေးတစ်ပွဲနဲ့ ​ပေါ့ဆိမ့်တစ်ခွက်!"

မင်းထွဋ် စားပွဲထိုး​​လေးကို လှမ်း​အော်လိုက်​​တော့ ညိုက ​မော့ကြည့်တယ်။ ပြီး​​တော့ချက်ချင်း မျက်လွှာချသွားပြီး လက်ဖက်ရည်ကို​မော့​သောက်တယ်။

"မနက်စာကို ​ဆေးလိပ်တစ်လိပ်တည်းနဲ့ ပြီးသွားလို့ ဖြစ်မလား"

ညိုက မသိချင်​ယောင်​ဆောင်ပြီး ​စီးကရက်ကိုဆက်​သောက်တယ်။ လက်ရှိမြင်​နေရတဲ့ ညို့ပုံစံဟာ အရယ်အပြုံးမရှိ တင်းမာ​နေတယ်။ နှင်းဆီဖူးလို လှတဲ့နှုတ်ခမ်းနှစ်လွှာကို သူ​လေးနဲ့ မလိုက်မဖက် တင်းတင်း​စေ့ပြီး မျက်ခုံး​တွေကိုလည်း တွန့်ချိုးထား​လေရဲ့။

ညိုရယ်... မင်း​​လေးက ငါနဲ့အပြိုင် ရပ်ကွက်ထဲမှာ ဆိုးသွမ်းဖို့များ ​ခြေလှမ်းပြင်​နေ​လေသလား...။

ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်Where stories live. Discover now