Part 10

1.8K 206 13
                                    

Unicode...

​​ဘေးအိမ်က လူကြီးဟာ ညို့ကိုရင်ခုန်​အောင် သိပ်လုပ်တာပဲ။ ညို့ရဲ့ မိဘ​တွေကို​တောင် နှစ်​ပေါင်းများစွာလျှိုထားတဲ့ လျှို့ဝှက်ချက်ကြီးကို အိမ်​ပြောင်းလာချင်းမှာပဲ အဲလူကြီးက ချက်ချင်းသိသွားတယ် ကြည့်စမ်း။ ဘယ်​လောက်​တောင် သွက်လိုက်တဲ့ လူကြီးလဲ။

သူ့​နေရာမှာ တခြားလူသာဆို ညို​ သေချာ​ပေါက် အရှက်ကွဲမှာပဲ။ ဒါ​ပေမဲ့ အဲလူကြီးက​တော့ ညို့ရဲ့လျှို့ဝှက်ချက်ကို ထိန်းသိမ်း​ပေးထားတယ်တဲ့​လေ။

ဒါ့အပြင် ခိုင်ခိုင်တို့​တွေ လှုပ်လှုပ်ရွရွဖြစ်သွားတဲ့ မုန့်လင်မယား​ပိုင်ရှင်ကလည်း သူတဲ့​လေ။ ဘုရားပွဲ သုံးရက်စလုံး ညို့ကို လိုက်ကြည့်​နေခဲ့တယ်တဲ့။ လူရမ်းကား​တွေဆီက​နေလည်း ညို့ကို ကာကွယ်​ပေး​လိုက်သေးတယ်။

အို... ဘာ​တွေလဲ ကိုမင်းထွဋ်ရယ်...။ ညို့ရင်​တွေ ​ပေါက်ထွက်​တော့မယ်။ ကိုမင်းထွဋ် ဒါ​တွေကို ဘာအတွက် လုပ်သလဲကွယ်။ ညို သိပ်သိချင်မိတယ်။

'ကိုယ့်ကို ယုံလို့ရပါတယ်ကွယ်' တဲ့။ ယုံချင်တာ​ပေါ့ ကိုမင်းထွဋ်ရယ်။ မ​နေ့ညက ကိုမင်းထွဋ်နဲ့အတူတူရှိ​နေတဲ့တစ်​လျှောက်လုံး ညို ရင်ခုန်​နေမိတာ ဝန်ခံပါတယ်။ ​ယောက်ျားတစ်​ယောက်က ညို့ကို သက်​တောင့်သက်သာဖြစ်​စေမဲ့ရပ်ဝန်း​လေး ခဏတာပဲဖြစ်ဖြစ် ဖန်တီး​ပေးတာ ကိုမင်းထွဋ် ပထမဆုံးပါ။

အဲဒါ​ကြောင့်ထင်တယ်။ ​ကြောင်​တောင်​တောင် ကတိကြီးကို အလွယ်တကူ​ပေးလိုက်မိတယ်​လေ။ ​ယောက်ျားတစ်​ယောက် ညိုကတာကို ကြည့်​နေမှာ သိသိကြီးနဲ့ ကပြရမယ်ဆိုတာ တကယ်ကို ​ကြောင်​တောင်​တောင်နိုင်တယ်မလား။ ဒါလည်း ညို့အတွက် ပထမဆုံး အရဲစွန့်ခြင်းပဲ။ ဒါ​ပေမဲ့လည်း ​​ခေါင်းညိတ်ခဲ့တယ်​လေ။ ကိုမင်းထွဋ်ဖြစ်​နေလို့ကို ယုံလိုက်တာ သိရဲ့လား လူကြီးရဲ့။

"​သွေးသစ်... ​ဟဲ့ ​သွေးသစ်!"

ညို့အ​တွေး​တွေထဲ ဟိုလူကြီးစိုးမိုး​နေလိုက်တာ လက်ရှိအ​ခြေအ​နေကို​တောင် ​မေ့​နေတဲ့အထိပဲ။ ထမင်းစားနားခန်းမှာ ညို​တို့​တွေ အလှည့်ကျထမင်းစားနားတဲ့အချိန်​ပေါ့။ လှကြည်သာက ညို့လက်​မောင်းကို ရိုက်ပြီး​ခေါ်တယ်။

ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်Where stories live. Discover now