Part 28

1.4K 141 6
                                    

Unicode...

ညိုအိမ်​ပေါ်ကဆင်းပြီး သုံးလပြည့်​တော့ ဘဏ်က​နေ အလုပ်ထွက်ခဲ့တယ်။ ညို့ဆံပင်​တွေက သိသိသာသာရှည်လာ​တော့ မန်​နေဂျာက ညှပ်ဖို့အသိ​ပေးတယ်။ စာ​ရေးတစ်​ယောက်က ဆံပင်ရှည်နဲ့ကြည့်မ​ကောင်းဘူး ဘာညာ​ပေါ့။ ညိုက မညှပ်ဖြစ်​တော့ဘူး၊ အရှည်ထားပြီး မိန်းမလျာလိုပဲ​နေသွား​တော့မယ်၊ အဲဒီလို​​နေရင်းက အလုပ်လုပ်ရင် အဆင်​ပြေနိုင်မလားလို့ ​မေး​တော့ မန်​နေဂျာက ချက်ချင်းကို ​ခေါင်းခါ​လေတယ်။ ဒီ​တော့ ညိုလည်း အဲဒီ​နေ့မှာပဲ အလုပ်ထွက်စာတင်ခဲ့လိုက်​တော့တယ်။ မိန်းမလျာတစ်​ယောက် ဘဏ်စာ​ရေးလုပ်လို့ အဆင်မ​ပြေ​ဘူးဆို​တော့လည်း ထွက်ရုံ​ပေါ့​လေ။ ဘာတတ်နိုင်လဲ။

ဒီလိုနဲ့ မာမီ​ရွှေမြ​ပေးတဲ့အလုပ်က ညို့ရဲ့အဓိကဝင်​ငွေရတဲ့လုပ်ငန်းဖြစ်လာတယ်။ ညိုလည်း မိန်းမလျာတစ်​ယောက်လိုပဲ​နေ​တော့တယ်။ ရုံးသွားရင်ဝတ်​တဲ့ ရှပ်အင်္ကျီ​နဲ့ပုဆိုး​တွေဆို ​သေတ္တာရဲ့​အောက်​ခြေမှာ ပိလို့ပြားလို့ အ​ခြေအ​နေ​တွေဖြစ်ကုန်ပြီ။

ဟိုးအရင်ကဆို အဲဒီအင်္ကျီ​တွေပုဆိုး​တွေဟာ ကျွန်းဗီရိုကြီးထဲမှာ တခမ်းတနား​နေရာယူကြတဲ့ပစ္စည်း​တွေ​ပေါ့။ အခုညိုဝတ်​နေတဲ့ရင်ဖုံးဝမ်းဆက်​လေး​တွေဟာ အရင်က ဗီရိုကြီးရဲ့​နောက် ကြပ်ခိုး​တွေ၊ ဖုန်​တွေနဲ့အတူ ​နေရာယူရတဲ့ အဝတ်​တွေ​ပေါ့။

အခု​တော့ ​ပြောင်းပြန်​တွေဖြစ်သွားကြပါ​ရောလား။ အဖြစ်အပျက်​တွေက မြန်ဆန်လိုက်တာ​နော်။
.
.

"​တောင်ပံပါရင် မင်းဆီကို... အိုး ​ဝေး​​နေချိန်ရဲ့ ခရီး​လေးကို... လှမ်းလက်ရယ် အင်အားရှိစွာ... ​ထွေးပိုက်ပါ​တော့... ရင်ခုန်သံ​တွေ အိပ်စက်စို့..."

"အမ​လေး မိညိုတို့များ... ခရီးထွက်လာတာဖြင့် သုံးရက်မပြည့်​သေးဘူး အ​ဝေးကချစ်သူကို တမ်းတ​နေပြီ"

ညို့​ရှေ့မှာ ညို့ကိုယုံယုံကြည်ကြည်နဲ့ ထိုင်​နေတဲ့ သတို့သမီးလေးရဲ့ဆံထုံး​လေးကို ​​သေ​သေချာချာကိုင်တွယ်ရင်း သီချင်း​လေးညည်း​တော့ မာမီ​ရွှေမြက ​စ​လေတယ်။

ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်Where stories live. Discover now