Part 13

1.5K 170 11
                                    

Unicode...

မင်းထွဋ်ရဲ့ မနက်ဟာ စိမ်းစို​နေတယ်။ ချစ်ရသူ​လေးက လက်​ဆောင်​ပေးလိုက်တဲ့ ချည်ပုဆိုးကို အကျအနဝတ်လို့ အလုပ်သွားတယ်။ ဖြစ်ချင်​တော့ မင်းထွဋ်ရဲ့​နေ့ရက်က​လေးဟာ ကံ​ကောင်းခြင်း​တွေနဲ့အစပျိုးဖို့ဖြစ်လာ​လေရဲ့။ လမ်းထိပ်မှာ အကြိုအပို့ယာဉ်ကို​စောင့်​နေတဲ့ ညို့ကို ​တွေ့လိုက်ရတယ်​လေ။

ညို့​ဘေးက​နေ လိုင်းကားအလာကို​စောင့်ရင်း သူ​လေး​ပေးထားတဲ့ချည်ပုဆိုးကို မျက်စပစ်ပြ​တော့ ရှက်ကိုးရှက်ကန်းနဲ့ ​အောက်ကိုငုံ့ပြီး ခိုးရယ်သတဲ့။ လိုင်းကား​ရောက်လာ​တော့ မင်းထွဋ် ညို့ကို တစ်ချက်ပြုံးပြပြီး ကား​​ပေါ်တက်ခဲ့လိုက်တယ်။

စကားလုံး​တွေမလိုပါဘဲ နှစ်ဦးကြား ခဏတာဆက်သွယ်ဖြစ်ခဲ့ပုံက လူသားနှစ်​ယောက်အတွက် တစ်​နေ့တာကိုဖြတ်သန်းဖို့ ခွန်အားတစ်ခုဖြစ်ခဲ့​လေတယ်။

မင်းထွဋ် အလုပ်ကပြန်​ရောက်တာနဲ့ အဝတ်လဲပြီး ရပ်ကွက်ဓမ္မာရုံဆီဦးတည်ခဲ့တယ်။ ​ခြေလှမ်း​တွေက ​မြောက်ကြွကြွ...။ အများအမြင်မှာ​တော့ မင်းထွဋ်ဟာ ရပ်​ရေးရွာ​ရေးအတွက် တက်ကြွ​နေပါ​တယ်​ပေါ့။ ဘယ်ဟုတ်လိမ့်မလဲ။

ဒီတစ်ပတ်​တော့ မင်းထွဋ်ဟာ ရပ်​ရေးရွာ​ရေးအတွက်မဟုတ်ဘဲ ရပ်​ရေးရွာ​ရေးကသာ မင်းထွဋ်ရဲ့မဟာအကြံအစည်ကြီးကို ကူညီဖို့အတွက် ဖြစ်သွားတယ်။ မင်းထွဋ်ကိုမြင်လိုက်ရလို့ အားတက်သွားတဲ့ လုပ်အား​ပေးအုပ်စုကို ရုပ်ရှင်မင်းသား​​တွေလို လက်က​လေးလှမ်းပြ ပြုံးပြပြီး နှစ်သိမ့်​လေတယ်။

ဓမ္မာရုံက လူကြီးကို ခဏ​နေရင် 'သဲကြီးမဲကြီး' ဆိုတဲ့သီချင်း​လေးဖွင့်​ပေးဖို့ ​ပြောပြီးတာနဲ့ ချက်ချင်းပြန်သွားတဲ့မင်းထွဋ်ကို အနားမှာရှိတဲ့လူတိုင်း ​ကြောင်စီစီလိုက်ကြည့်ကြတယ်။ မင်းထွဋ်အ​မေ ​ဒေါ်​မေအုန်းအပါအဝင်​ပေါ့။

​​ညိုက ကတိတည်ရှာတယ်။ အညို​ရောင်ဖဲသားဝမ်းဆက်​လေးကိုဝတ်၊ အခြယ်အသ​တွေကို အလှပဆုံး ပြင်ဆင်ပြီး ပြတင်း​ပေါက်က​နေတစ်ဆင့် တစ်ဖက်အိမ်ကို အချက်ပြလိုက်​လေတယ်။

ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်Where stories live. Discover now