Part 15

1.6K 167 11
                                    

Unicode...

​ဆောင်းရာသီဟာ ပီပီပြင်ပြင် ​အေးမြ​နေတယ်။ ယုဇန​တွေက အဖူးအသစ်​တွေနဲ့ လှပ​နေတယ်။ ပန်းမပွင့်​သေး​တော့ ရနံ့မရ​သေး​ပေမဲ့ ပန်းက​လေး​တွေ လှလှပပပွင့်လန်းဖို့ ပြုစုပေးရမှာက ပန်းပိုင်ရှင်ရဲ့ အလုပ်​ပေပဲ။

ညို သီချင်း​လေးတညည်းညည်းနဲ့ ပန်းပင်​​လေး​တွေကို ​ရေ​လောင်း​နေတယ်။ ဒီ​နေ့က​ တနင်္လာ​နေ့ဆို​ပေမဲ့ ​သောကြာ​နေ့များလို ​ပေါ့ပါးလန်းဆန်းလို့။ မနက်ဖြန် လွတ်လပ်​ရေး​နေ့မို့ ရုံး​တွေပိတ်တယ်​​လေ။

ဒါ​ကြောင့် ​ရေမချိုး​သေးဘဲ ပန်းပင်​လေး​တွေကို ဂရုတစိုက် လာပြုစု​နေတာ​ပေါ့။ ခြံစည်းရိုး​ဘေးနားက စီတန်း​နေတဲ့ ယုဇန​ပင်​လေး​တွေကို ညို ​သေချာ​လေး ​ရေ​လောင်းပြီး အဖူး​လေး​တွေ ဘယ်​တော့များပွင့်လာမလဲလို့ စူးစမ်း​ကြည့်တယ်။

အဲဒီအချိန် တစ်ဖက်ခြံက​နေ တချွတ်ချွတ်အသံ​တွေကြားရပြီးတဲ့​နောက် ခြံစည်းရိုးအ​ပေါ်က​နေ ​ခေါင်းတစ်လုံး​ပေါ်လာ​လေတယ်။ ရုတ်တရက်မြင်ရ​တော့ ညို့မှာ လန့်တာ​ပေါ့။

"ကိုမင်းထွဋ်ရယ် ဖြည်းဖြည်းသာသာလုပ်ပါ"

"ညိုကလည်း... အမြဲဒီလို​တွေ့​နေကျကို လန့်​သေးတာလား"

"ရုတ်တရက်ဆို​တော့ လန့်တာ​ပေါ့"

"မနက်ဖြန် ရုံးပိတ်တယ်မလား"

ညိုက ​ရေ​လောင်းတဲ့အလုပ်ကို လက်စသတ်ပြီး မတ်တပ်ရပ်လိုက်တယ်။

"အင်း ပိတ်တယ်​လေ"

"ကိုယ်တို့လည်း အလုပ်နားတယ်"

ကိုမင်းထွဋ်မျက်နှာကြီးဟာ ဖြီးလို့​နေတယ်။ ဒီလူကြီး ဘာ​တွေကြံစည်​နေပြန်ပြီလဲ မသိပါဘူး။

"အဲ​တော့"

"အဲ​တော့ ကိုယ်​ပေးတဲ့ဝမ်းဆက်​လေးက ညိုနဲ့​တော်ရဲ့လား... ပြင်စရာ​တွေဘာ​​တွေများ ရှိသလား"

"ဝတ်မကြည့်ရ​သေးလို့ မသိဘူးကွယ်"

"ဒါဆိုလည်း ဝတ်ကြည့်​လေ"

"ဟုတ်ပါပြီ ဝတ်ကြည့်လိုက်ပါမယ်"

ညိုတို့နှစ်​ယောက်ကြား တိတ်ဆိတ်သွားတယ်။ ကိုမင်းထွဋ်က ယုဇနပင်​တွေကိုငုံ့ကြည့်ပြီး တစ်ခုခုကို​တွေး​နေ​သ​ယောင်။

ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်Où les histoires vivent. Découvrez maintenant