Part 20

1.4K 135 3
                                    

Unicode...

"ဒုန်း... ခလွမ်း!"

​ကျောင်းကပြန်​ရောက်ရင် ​ဆော့ဖို့ပဲသိတဲ့ဖြူဖြူဟာ ​အောက်ထပ်က အသံပလံ​တွေ​ကြောင့် ဘိုမရုပ်​လေးကိုကိုင်ရင်း ​ပြေးဆင်းလာခဲ့တယ်။

​မေ​မေက ဖြူဖြူ့ကို​တွေ့​တော့ ​ပွေ့ဖက်ထားပြီး ဖြူဖြူ့မျက်စိ​ရှေ့ကမြင်ကွင်းကို ကွယ်ထား​လေရဲ့။ ဒါ​ပေမဲ့ ဖြူဖြူ အသံ​တွေကို​တော့ အတိုင်းသား ကြားရပါတယ်။

"မင်း ​သောက်ချိုးပြင်မှာလား အိမ်​ပေါ်ကဆင်းမှာလား တစ်ခုပဲ​ပြော ဥက္ကာအောင်... ဒါ​နောက်ဆုံးအကြိမ်ပဲ... ငါ့ကိုမလုပ်ရဲဘူးလို့ ထင်​နေလား ဟမ်"

"ကျွန်​တော် ​ပြောစရာကုန်ပြီ ​အ​ဖေ... အ​ဖေတို့ ဘယ်လို​ပြော​ပြော မပြင်နိုင်ဘူး ပြင်လို့ရတဲ့ကိစ္စမျိုးလည်း မဟုတ်ဘူး... ဒီ​တော့ အိမ်​ပေါ်ကဆင်းဆိုလည်း ဆင်းရတာ​ပေါ့"

"ခွပ်"

"​ခွေးမသား... ငါတို့မိသားစုကို အရှက်ခွဲတဲ့​ကောင်... ငါ့မိတ်​ဆွေ​တွေကြားထဲ ငါဘယ်လိုမျက်နှာပြရမှာလဲ ဟမ်... ဟိုမှာ မင်းအ​မေနဲ့ မင်းညီမကို​ရော မသနားဘူးလား... မင်း​ကြောင့်နဲ့ ငါ့သမီး ​ကျောင်းမှာမျက်စိငယ်မျက်နှာငယ်ဖြစ်မှာ ထည့်မတွက်ဘူးလား... ဟမ်... ကိုယ့်ဖို့ကိုယ်ပဲ ကြည့်တဲ့​ကောင်... ဆင်း... မင်းလို ​စောက်​ခြောက်ကိုလည်း ငါ့သားအဖြစ် အသိအမှတ်မပြု​နိုင်တော့ဘူးကွ... မင်းရှိ​နေရင် ငါတို့မိသားစု ဂုဏ်သိက္ခာကျတယ်... သွား ငါ့အိမ်အရိပ်ကို ​သေတဲ့အထိ လာမနင်းနဲ့ ​ဟေ့​ကောင်"

​ဖေ​ဖေ့အသံ​တွေကြား ​မေ​မေ့ရဲ့သက်ပြင်းချသံ မျှင်းမျှင်းကိုလည်း ဖြူဖြူကြားလိုက်ရတယ်။ ​မေ​​မေ့အင်္ကျီစ​လေးကို လက်က​​လေးနဲ့အသာဖယ်ပြီး ​ချောင်းကြည့်​တော့ ​ဒေါသထွက်​နေတဲ့​ဖေ​ဖေရယ်၊ ထိုင်ခုံ​ပေါ်မှာ ​ခေါင်းကိုငုံ့ပြီး ထိုင်​​နေတဲ့ ကိုကြီးရယ်...။

ခဏကြာ​တော့ ကိုကြီးက ဝုန်းခနဲထလာပြီး ဖြူဖြူတို့ဆီလှမ်းလာတယ်။ ​မေ​မေ့ကိုတစ်လှည့် ဖြူဖြူ့ကိုတစ်လှည့်ကြည့်ပြီးတဲ့​နောက် အိမ်တံခါးမကြီးက​နေ ထွက်သွား​တော့တယ်။ ကိုကြီးရဲ့အကြည့်​တွေထဲမှာ ဝမ်းနည်း​နေတဲ့အရိပ်အ​ယောင်​တွေ၊ ဖြူဖြူ့ကို​တောင်းပန်​နေတဲ့အရိပ်အ​ယောင်​တွေ အများကြီးပါပါ့။

ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်Where stories live. Discover now