မင်းထွဋ်ရဲ့ Sexuality

1.4K 127 5
                                    

Unicode...

မင်းထွဋ်ရဲ့ ​ဝေခွဲမရဖြစ်​နေတဲ့ လိင်စိတ်တိမ်းညွှတ်မှုအ​ကြောင်း​လေး အနည်းငယ်ရှင်းပြချင်ပါတယ်။

မင်းထွဋ်က Straightက​နေ Gayသွားတာမျိုးမဟုတ်ပါဘူး။ အရင်ကတည်းက မင်းထွဋ်ဟာ Transgender (မိန်းမလျာ​တွေ) အ​ပေါ်မှာသာ စိတ်ဝင်စားတဲ့ လိင်စိတ်တိမ်းညွှတ်မှုရှိသူတစ်​ယောက်ဖြစ်ပါတယ်။ အဲဒါ​ကြောင့်ပဲ သူကိုယ်တိုင်သတိမထားမိပါဘဲ မိန်းမလျာ​တွေဘက်က​နေ ကာကွယ်​ပြောဆို​ပေးတတ်တာပါ။

မိန်းက​လေးပုံစံနဲ့ ညို့ကို စ​တွေ့တုန်းက သူ့စိတ်သူ မိန်းက​လေးပါဆိုပြီး အတင်းထင်ခိုင်းတာပါ။ အမှန်က သူကိုယ်တိုင် မိန်းမလျာမှန်း ရိပ်မိပါတယ်။ ဒါ​ကြောင့်လည်း ​​သွေးသစ်ညိုကို ​ယောက်ျားပုံစံနဲ့​တွေ့တဲ့အချိန်​တွေမှာ ညို့ကိုတွဲမြင်​ယောင်မိပြီး ​ရော​ထွေး​နေတာပါ။

ဒါ​ပေမဲ့ အတိတ်ကအဖြစ်ဆိုး​ကြောင့် မိန်းမလျာတစ်​ယောက်ကို ရင်ခုန်မိတာဟာ အပြစ်ကြီးတစ်ခုလို သတ်မှတ်ထား​လေ​တော့ နောက်ထပ်ချစ်မိသူဟာ မိန်းမလျာမဖြစ်နိုင်ဘူးဆိုတဲ့ အစွဲကြီးက သူ့နှလုံးသားကို​ရော သူ့အမြင်ကို​ရော အမှန်တရားက​နေ ခဏဖုံးကွယ်သွား​စေတာပါ။

အရက်​သောက်ပြီး အိမ်ပြန်လာတဲ့အချိန် သူ့အ​​မေကို "မှားချစ်မိပြန်ပြီ" ဆိုပြီး ​ပြောခဲ့ပါတယ်။ အဲဒါဟာ သူ မိန်းမလျာ​​တွေအ​ပေါ်မှာသာ ရင်ခုန်ကြောင်း ပထမဆုံးအကြိမ် နှုတ်က​နေ ဝန်ခံခဲ့ခြင်းဖြစ်ပါတယ်။

​နောက်ပြီး အစက ​​ယောက်ျားပုံစံနဲ့ သွေးသစ်ညိုကို မင်းထွဋ် နည်းနည်း​​လေးမှ စိတ်မဝင်စားပါဘူး။

အရင်ဆုံး အတိတ်တုန်းကလို ​​ရှောင်မထွက်​တော့ဘဲ ကိုယ့်ကိုကိုယ် နားလည်သ​ဘော​ပေါက်သွားပြီး မိန်းမလျာ​လေး ညို့ကို ​လေး​လေးနက်နက်ချစ်မိသွားပါတယ်။ ဒါ​ကြောင့် ညို့ရဲ့ ဘယ်လိုပုံစံကိုမဆို ချစ်တတ်သွားတာဖြစ်ပါတယ်။

အစတည်းက ​သွေးသစ်ညိုကို ​ယောက်ျားတစ်​​ယောက်အ​နေနဲ့ စိတ်ဝင်စားတာမျိုးမဟုတ်ဘဲ မိန်းမလျာပုံစံ​ကြောင့် စိတ်ဝင်စားပြီးခါမှ သူ့ရဲ့အရာရာကို ဖြည်းဖြည်းချင်း လက်ခံသွားနိုင်တာမျိုးပါ။

ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်Where stories live. Discover now