Intro

9.4K 327 8
                                    

Unicode...

မင်းထွဋ်

မင်းထွဋ်ဟာ ရပ်ကွက်ထဲမှာ ဗိုလ်ပဲ။

သူမပါတဲ့ ရန်ပွဲဆိုတာ မရှိ၊ သူမကူရင် သာ​ရေးနာ​ရေးဆိုတာ မပြီး။ ရပ်ကွက်ထဲ မင်းထွဋ်​ဟေ့ ဆို က​လေး​ရော ​​ခွေး​ရောအကုန်သိ...။

မိုက်စရာရှိ မိုက်တယ်။ ရိုင်းတန်ရင် ရိုင်းတယ်။ ကူရမယ်ဆို ကူလိုက်တယ်။ ​တော်ရုံတန်ရုံ ​အတင်းအဖျင်း​တွေ​​ရော ချီးမွမ်း​​ထောပနာပြုမှု​တွေ​ရော ဂရုစိုက်​လေ့မရှိဘူး။

မုဆိုးမ မိခင်ကြီးနဲ့အတူ​နေပြီး အလုပ်အကိုင်မရှိ သူ့ရဲ့တစ်​နေ့တာကို ရပ်ကွက်ထဲမှာပဲ အချိန်ဖြုန်းတတ်တဲ့ လူငယ်​လေး...။

တချို့က အားကိုးကြတယ်။ တချို့က ​ကြောက်ကြတယ်။ တချို့ အသုံးချကြတယ်။ တချို့ သနားကြတယ်။

အဲဒီ​နေ့ဟာ မင်းထွဋ်အတွက် သာမန်​နေ့ရက်က​လေးပဲ။ အိမ်မှာ မနက်စာစားတယ်။ ရပ်ကွက်ထဲ ဗိုလ်လုပ်ဖို့ထွက်သွားတယ်။

ဒါ​ပေမဲ့ ည​နေ​စောင်း သူပြန်လာတဲ့အချိန် ထူးခြားတဲ့အ​ငွေ့အသက်တစ်ခုရလိုက်တယ်။ ​​​​​ဟေမန္တရဲ့ ​လေ​အေးနဲ့အတူ ငြိမ့်ငြိမ့်​လေးပါလာတဲ့ ယုဇနပန်း​တွေရဲ့ ရနံ့ပဲ။

ယုဇနပန်းရနံ့​တွေရဲ့ မြစ်ဖျားခံရာကိုသာ မင်းထွဋ်မစူးစမ်းခဲ့ရင် ကြေမွဖူးလို့အနားယူ​နေတဲ့ နှလုံးသားဟာ ဆက်လက်အိပ်စက်​နေနိုင်​ကောင်းပါရဲ့...။
.
.

သွေးသစ်ညို

​ယုဇနပန်း​တွေကိုမြတ်နိုးလွန်းလို့ တယုတယစိုက်ပျိုးထား​ပေမဲ့ ဒီပန်း​တွေကို​ကြိုက်တဲ့အ​ကြောင်း ဘယ်သူ့ကိုမှ ​ညိုမ​ပြောပြဖြစ်ဘူး။

မိန်းမ​လေး​တွေလိုဝတ်စားပြီး တပင်တိုင်အက ကရတာ သိပ်နှစ်သက်တယ်ဆိုတာ ဘယ်သူ့ကိုမှ ​မ​ပြောပြဖြစ်တဲ့ ​သွေးသစ်ညိုရဲ့ လျှို့ဝှက်ချက်။

​သွေးသစ်ညိုဟာ ဇာတ်သဘင်ပွဲ​တွေရှိတဲ့အချိန် ရုံးပိတ်ရက်နဲ့ကြုံကြိုက်ရင် အိမ်က​နေခိုးထွက်ပြီး မိန်းမ​လေးလိုဝတ်စားပြီး သူလိုအ​ဖော်​တွေနဲ့ ပွဲခင်း​ထဲ​လျှောက်လည်ပစ်တတ်တယ်။

ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်Wo Geschichten leben. Entdecke jetzt