အပိုင်း(၁၃၉)

Começar do início
                                    

သူပြောလိုက်တော့မှလူတိုင်းနားလည်သွားကြတဲ့ပုံဘဲ။

'ဒီကိစ္စကရိုးရိုးလေးမဖြစ်နိုင်ဘူး။ငါတို့ရွေ့ရွေ့အတွက်တရားမျှတမှုရှာပေးသင့်တယ်။ငါတို့ရဲ့ရွေ့ရွေ့ကိုအလွယ်တကူစော်ကားလို့မရဘူးဆိုတာကိုလူတိုင်းသိအောင်လုပ်ရမယ်။သူမကိုဘယ်သူမှမက်ြိုက်တော့ရင်တောင်သူမမှာငါတို့ရှိသေးတာဘဲ'

'ဟုတ်တယ်' လူတိုင်းကပြန်ပြောကြတယ်။

စုရန်လဲသူမနဲ့စုန့်ထင်ယွီတို့ချစ်သူများနေ့မှာအတူတူလည်ကြတာကဒီလောက်ထိနာမည်ကြီးသွားလိမ့်မယ်လို့မထင်ထားဘူး။သူမရဲ့ကိုယ်ပိုင်ဘဝကိုဒီလိုမျိုးလူတွေသိသွားတာကိုစုရန်မကြိုက်ဘူး။

ဒါပေမယ့်ပိုင်ချီရွေ့ကမင်းသမီးဖြစ်ပြီးစုန့်ထင်ယွီကလဲနာမည်ကြီးတာကြောင့်သူမပါကြားညှပ်ပြီးပါလာတာ။

အခုတလောသူမဘာလုပ်လုပ်စောင့်ကြည့်ခံနေရပြီးသူမလုပ်တာတွေအားလုံးကိုလူတိုင်းကသိနေကြတာ။

သူမအဲ့လိုကောလဟာလတွေနဲ့မကောင်းပြောကြတာကိုဂရုမစိုက်ပေမယ့် သူမရဲ့ကိစ္စတွေကိုလိုက်ကြည့်နေပြီးချက်ချင်းသတင်းရေးကြတာကိုတော့မကြိုက်ဘူး။

ဒါပေမယ့်လဲရှောင်လွှဲလို့မရဘူးထင်တယ်။

ဒီနေ့ကကုဒုန့်ချန်အမေရဲ့နှစ်ပတ်လည်နေ့။ဒါကြောင့်မနက်ကတည်းကစုန့်မင်ဟွမ်နဲ့မဒမ်စုန့်တို့ နှစ်ပတ်လည်ပွဲလုပ်ဖို့တခြားမြို့ကိုထွက်သွားကြတယ်။

သူတို့တွေမနက်ဖြန်မှပြန်လာကြမှာ။

သူတို့ထွက်သွားပြီးတာနဲ့ချန်ကျင်လဲထွက်သွားတယ်။အိမ်အကူပြောတာကြားတာကတော့ သူမလဲဒီညပြန်မလာဘူးတဲ့။

စုန့်ထင်ယွီကသူမတစ်ခါမှသူ့ကိုဟင်းချက်မကျွေးဘူးဆိုပြီးအမြဲပြောနေတာကိုစုရန်သတိရသွားတယ်။ဒါကြောင့်ဒီနေ့တော့သူမကိုယ်တိုင်သူ့ကိုချက်ကျွေးမလို့။

သူမနေ့လည်တစ်ရေးအိပ်ပြီးနိုးလာတော့ စုန့်ဝမ်ရှီကိုခေါ်ပြီးစူပါမားကပ်မှာဈေးသွားဝယ်လိုက်တယ်။

စုရန်ခန္ဓာကိုယ်ကအရင်ကနဲ့မတူတော့ စုန့်ဝမ်ရှီနဲ့နှစ်ယောက်တည်းသွားရင်စိတ်မချရလို့ အန်တီဖန်ကိုပါခေါ်သွားလိုက်တယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးOnde histórias criam vida. Descubra agora