အပိုင်း(၁၃၆)

Start from the beginning
                                    

အပြင်မှာဒရိုင်ဘာကိုစောင့်ခိုင်းထားတော့ စုန့်ထင်ယွီသူမလက်ကိုဆွဲပြီး လူအုပ်ကြားထဲကနေထွက်လာခဲ့တယ်။ရုတ်တရက်သူရပ်လိုက်ပြီးလမ်းရဲ့တခြားတစ်ဖက်ကိုကြည့်လိုက်တယ်။

'ဘာဖြစ်လို့လဲ?'

သူကြည့်နေတာကိုစုရန်လိုက်ကြည့်လိုက်တော့နှင်းဆီပန်းတွေရောင်းနေတာကိုတွေ့သွားတယ်။နှင်းဆီပန်းဝယ်ချင်နေတဲ့စုံတွဲတွေလဲအများကြီးဘဲ။

သူ့ဘာလုပ်ချင်နေတာလဲဆိုတာကိုစုရန်သိတယ်။သူမဘာမှမပြောတော့ သူမကိုသူအဲ့ဒီဆိုင်ကိုလက်ဆွဲပြီးခေါ်သွားတယ်။ဒါပေမယ့်နှင်းဆီပန်းကတစ်စည်းဘဲကျန်တော့တယ်။စုန့်ထင်ယွီကြည့်ရတာမကျေနပ်တဲ့ပုံဘဲ။

ဒါပေမယ့်ကျန်နေတဲ့နှင်းဆီပန်းတစ်စည်းကိုဝယ်ပြီးစုရန်ကိုပေးလိုက်ကာ စာကြောင်းတစ်ကြောင်းကိုပြောလိုက်တယ်။

အဲ့ဒါကခန်တိုနီးစ်ဘာသာစကားဘဲ။စုရန်နားမလည်လို့ဘာလဲလို့မေးမလို့လုပ်လိုက်တဲ့အချိန်မှာဆိုင်ရှင်အဒေါ်ကြီးကသူမကိုတရုတ်လိုဘာသာပြန်ပေးလိုက်တယ်: 'ဒီကောင်လေးပြောတာက စုန့်ကတော့ပျော်ရွှင်စရာချစ်သူများနေ့ပါတဲ့'

အော် ဒီလိုအဓိပ္ပါယ်ကိုး။

'သွားရအောင်' စုန့်ထင်ယွီသူမလက်ကိုဆွဲပြီးသွားမလို့လုပ်လိုက်တယ်။

စုရန်အရှေ့ကတစ်နေရာကိုပြလိုက်ပြီး: 'ရှင်ကျွန်မကိုအဲ့ဒီမှာခဏစောင့်နေဦး။ကျွန်မခဏနေလာခဲ့မယ်'

စုန့်ထင်ယွီသူမပြောတဲ့နေရာမှာရပ်နေပြီး စုရန်နှင်းဆီပန်းရောင်းတဲ့ဆိုင်ရှင်ဆီကိုပြန်သွားပြီးတစ်ခုခုပြောလိုက်တာကိုတွေ့တယ်။ခဏကြာတော့သူမပြန်လာပြီးသူ့လက်မောင်းကိုကိုင်ကာအရှေ့ကိုလျှောက်လာခဲ့တယ်။သူမလဲအဲ့ဒီဘာသာစကားနဲ့ဘဲပြောလိုက်တယ်: 'ဥက္ကဌစုန့် ပျော်ရွှင်စရာချစ်သူများနေ့ပါ'

သူမအခုမှသင်ထားတာဆိုတော့သိပ်ပြီးမပီဘူး။ဒါပေမယ့်စုန့်ထင်ယွီကတော့ပျော်နေတယ်။

'အခုကျွန်မတို့ဟိုတယ်ကိုပြန်မလို့လား?' ကားပေါ်မှာသူမဘေးမှာထိုင်နေတဲ့သူ့ကိုမေးလိုက်တယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now