အခန်း ၃၄

Start from the beginning
                                    

ချန်းလဲ့အိမ်ရဲ့အတွင်းပိုင်းတွင် ရှုပ်ပွနေတဲ့ ပုံပေါ်နေတာကို မြင်ခဲ့ရပေမယ့် မထင်မှတ်ထားပဲ နွေးထွေးနေသည်။ လမ်းပေါ်ကလူတွေကလည်း ဆွံ့အနေကြသည်။ ဒီလူက ကလေးတွေကို ဘယ်လောက်တောင် ချစ်လိုက်သလဲ။ ကလေးအတွက် အိမ်တောင် ဆောက်ပေးတာတဲ့လား။

ဒါက မဖွင့်သေးပဲ အတွင်းပိုင်းအပြင်အဆင်တွေက ပြင်ဆင်နေဆဲ ဖြစ်သော်လည်း မြို့ထဲက စီးပွားရေးသမားတွေက တစ်ယောက်ပြီး တစ်ယောက် မှာယူထားကြပြီးပြီ။ ချန်းလဲ့အိမ်လို တစ်ပုံစံတည်း အစုံလိုက်ပါပဲ။

အနောက်ဘက်က ဆိုင်ခန်းလေးခန်းက ပိုပြီး မှာယူမှုတွေ များနေသေးသည်။ ပထမခန်းနဲ့ ဒုတိယခန်းတွင် မက်မွန်ရောင် ပရိဘောဂများဖြင့်ပြည့်နေသည်။ မက်မွန်ရောင် သစ်သားရဲ့ ရိုးရာအသံတူဖြစ်တဲ့ လွတ်မြောက်ခြင်းသည် မကောင်းတဲ့ နမိတ်ဆိုးများမှ လွတ်မြောက်ရန်၊ နတ်ဆိုးများကို ဖယ်ရှားရန်ဆိုသည့် အဓိပ္ပါယ်ရှိတာကြောင့် ဒေသခံတွေအများဆုံးနှစ်သက်ကြကာ ရှေးကျပြီး မွှေးကြိုင်တဲ့ပန်းခရမ်းရောင် သစ်သားဖြင့် ပရိဘောဂတွေကို ပြုလုပ်ထားသည်။ 

တတိယအခန်းသည် စာအုပ်အချို့ကို သင့်တင့်လျောက်ပတ်စွာ နေရာချထားတဲ့ အညိုရင့်ရောင်စာလေ့လာတဲ့အခန်းဖြစ်သည်။ စာရေးခုံပေါ်တွင် မှင်ကျောက်တံများတင်ထားပြီး နံရံပေါ်တွင်လည်း လက်ရေးလှစာများဖြင့် အလှဆင်ထားသည်။ ဒါက စာလေ့လာသူတွေအတွက် အလွန် သက်တောင့်သက်သာရှိတဲ့ နေရာဖြစ်ပြီး စီးပွားရေးသမားတွေက သူတို့အိမ်က ကလေးတွေအတွက် မလွဲမသွေ မှာယူကြမှာဖြစ်သည်။

စတုတ္ထအခန်းသည် အဖြူရောင်သစ်သားဖြင့် ပြုလုပ်ထားတဲ့ပရိဘောဂများဖြင့် ရှောင်မိန်မိန်းရဲ့ မိန်းကလေးအခန်းလို ဖြစ်နေသည်။ အနီရောင်ဖျော့ဖျော့ပိုးထည်ကိုတောင် ချိတ်ဆွဲထားသေးသည်။ ဆိုင်ရှင်ချီက သူ့မိသားစုရဲ့ အခန်းတွေအတွက် စီးပွားရေး လုပ်နေပုံပေါ်သည်။

ပဥ္စမအခန်းသည် အလွန်သာမာန်ဆန်သည်။ အသုံးများတဲ့ယူကလစ်သစ်သားဖြင့် ပြုလုပ်ထားပေမယ့် ထိုသစ်သားက ကြံ့ခိုင်ပြီး တာရှည်ခံသည်။

ရှေးခေတ်ကာလတွင် ကလေးပြုစုပျိုးထောင်ခြင်း (Completed)Where stories live. Discover now