အခန်း ၁၉

9.5K 1.2K 15
                                    

Raising Children in Ancient County Town

Unicode

အခန်း ၁၉

နှစ်သစ်ကူးပြီးနောက် လေက နွေရာသီလို မပူတော့ပေ။ ချောင်းရှန်က ရှောင်ချန်းလဲ့ကို ကုတ်အင်္ကျီဝတ်ပေးကာ နေ့လည်တွင် ပြန်ချွတ်ရပြီး ညကျ ပြန်ဝတ်ရပြန်သည်။ 

အရင်နေ့က ချောင်းရှန်က စာအုပ်ဆိုင်က လူတစ်ယောက်ကိုခေါ်ကာ အလုပ်ခေါ်စာရေးပြီး Luweiဆိုင်တံခါးတွင် ကပ်ရန် ပြောခဲ့သည်။ ဒီနေ့တော့ တစ်ယောက်ယောက်ရောက်လာပြီ။

"ဆိုင်ရှင်ချောင်း, လူတွေခေါ်နေတုန်းပဲလား"

အပြာရောင်ရိုးရိုးရှပ်အင်္ကျီနဲ့ညီငယ်လေးတစ်ယောက်က ချောင်းရှန်ရဲ့အလုပ်ခေါ်တဲ့ လိုအပ်ချက်တွေကို မေးပြီးနောက် အဖြေကို မျှော်လင့်တကြီး စောင့်ဆိုင်းနေသည်။ ချောင်းရှန်က သူ့ကို အနည်းငယ်ရင်းနှီးနေသလို ရှိပေမယ့် မမှတ်မိပေ။ 

"ဟုတ်တယ်။ လုံ့လဝီရိယရှိရုံပဲ ကျန်တာမလိုဘူး။ ပြီးတော့ အလုပ်က မပင်ပန်းဘူး ဆိုင်ကို ကြည့်ပေးပြီး တံမြက်စည်းလှဲရုံလောက်ပဲ"

ညီငယ်လေး ယန်းလျူက အင်္ကျီကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ မဝံ့မရဲပြောလိုက်သည်။

"ဒါဆို ဆိုင်ရှင်ချောင်း ကျွန်တော်လုပ်လို့ရနိုင်မလား"

တကယ်ငယ်သေးတဲ့ပုံပေါက်တာမို့ ချောင်းရှန်က အသက်ကိုမေးလိုက်သည်။

"မင်းအသက် ဘယ်လောက်ရှိပြီလဲ"

"ဆယ့်ခြောက်နှစ်ရှိပါပြီ။ ကျွန်တော်က စားသောက်ဆိုင်ရဲ့နောက်ဖေးမီးဖိုချောင်မှာ အကူအဖြစ် အလုပ်လုပ်ခဲ့ဖူးပါတယ်။ နှစ်နှစ်လောက်လုပ်ခဲ့တာမို့ အခက်အခဲတွေကို ကြံ့ကြံ့ခံပြီး ဘာမဆို လုပ်နိုင်ပါတယ်"

ဆယ့်ခြောက်နှစ်က ခေတ်သစ်ကာလမှာဆိုလျှင် ကျောင်းတက်နေတဲ့အရွယ် ဖြစ်သည်။ တကယ်တော့ သူက နှစ်နှစ်တောင် အလုပ်လုပ်ခဲ့ရပြီးပြီ။ ချောင်းရှန်က ခေတ်သစ်ကလူလိုတွေးတာကြောင့် အလုပ်မခန့်ချင်ပေ။ ကလေးအလုပ်သမားဖြစ်တာကြောင့် သူ့စိတ်ထဲက  ဒါကို သည်းမခံနိုင်ပေ။

ရှေးခေတ်ကာလတွင် ကလေးပြုစုပျိုးထောင်ခြင်း (Completed)Where stories live. Discover now