အခန်း ၁၅

9.9K 1.3K 38
                                    

Raising Children in Ancient County Town

Unicode 

အခန်း ၁၅

ချောင်းရှန်က မကြာသေးမီက အနည်းငယ် စိုးရိမ်ခဲ့သည်။ ဂျယ်လီကို ကျောင်းထယ်တို့ မိသားစုက လှည့်လည်ရောင်းချပြီးနောက် တစ်မြို့လုံးပျံ့နှံ့သွားပြီး အတုခိုးတာတွေ ရှိခဲ့သည်။

အရင်ရက်တွေကတော့ မနက်စောစော လာဝယ်ကြတဲ့ စျေးသည်တွေက ဂျယ်လီလေးပုံး၊ ကန်စွန်းဥလုံးလေးပုံးကို လှည်းပေါ်တွင် စုပုံကာ စုစုပေါင်း ၈ပုံးကို  ဝယ်ကြပေမယ့် အခုတော့ ခြောက်ပုံးအထိ လျော့သွားကြသည်။ လူအနည်းငယ်သာဆိုလျှင် ကိစ္စမရှိပေမယ့် စျေးသည် ငါးယောက် ခြောက်ယောက်လောက်က ဝယ်ယူတဲ့ပမာဏကို လျော့ချလိုက်ကြတာဖြစ်သည်။ ချောင်းရှန်က ကျန်နေတဲ့ ဂျယ်လီတွေနဲ့ ကန်စွန်းဥတွေကို ကြည့်ကာ စိတ်ပူလာသည်။ 

"လူနည်းနည်းပဲ ဝယ်ကြတော့တာဟုတ်တယ်။ အခု လူအချို့က ချောင်းဂျယ်လီရဲ့ နာမည်အောက်ကနေ ပဲပြားနဲ့ ကောက်ညှင်းလုံးတွေ လုပ်ရောင်းနေကြတယ်။ လူတွေက ချောင်းမိသားစုကလုပ်တဲ့ဟာလို့ ထင်ကြမှာပဲ။ကျွန်တော်နေ့လည်က တစ်ပန်းကန်ဝယ်ခဲ့တာ အရသာမရှိဘူး။ ဒါပေမယ့် ပုံမှန်လူတွေက တစ်ခါတည်းနဲ့ အချိုပွဲ နှစ်ပွဲမစားနိုင်ကြတော့ ကျွန်တော်တို့ရဲ့ ဂျယ်လီတွေက မရောင်းရဘူး  "

ကျောင်းထယ်က သူ့နေ့စဥ်ဝင်ငွေကတဝက်ထိ  လျော့သွားတာကြောင့် စိတ်ညစ်နေသည်။ 

"အဆင်ပြေပါတယ် အစ်ကိုကျောင်း။ လူတွေက အသက်မွေးဝမ်းကြောင်း လုပ်နေကြတာမို့ သူတို့ကို တားလို့တော့မရဘူး။ လှည့်ကွက်တွေ စဥ်းစားရမယ်"

ရှေးခေတ်က အတုလိုက်ခိုးတာနှင့်စာလျှင် ခေတ်သစ်မှာတောင် မူပိုင်ခွင့်ပြသာနာတွေ ရှိနေတုန်းပင်။ တခြားနည်းလမ်း စဥ်းစားဖို့သာ ရှိသည်။ 

ဆိုင်ဖွင့်ဖို့ အစီအစဥ်ချရတော့မည့်ပုံပင်။ ဆိုင်ဖွင့်လျှင် ဆိုင်းဘုတ်ပါ ထွက်လာမှာမို့ လူတွေက သူတို့ကိုယ်သူတို့ ချောင်းမိသားစုလို့ မခေါ်ဝံ့တော့ပေ။ အဆုံးသတ်ကတော့ ဆိုင်ရှိရမှာဖြစ်သည်။ ချောင်းရှန်က ကျန်နေသေးတဲ့ ဂျယ်လီနှင့် ကန်စွန်းဥလုံးတို့ကို ထုပ်ပိုးကာ အိမ်နီးနားချင်းများကို ပို့ပေးလိုက်သည်။ ကြာရှည်သိမ်းထားသင့်သည့် ပစ္စည်းမျိုးမဟုတ်ပေ။ဒါက အိမ်နီးနားချင်းတွေကြားတွင် ဆက်ဆံရေးကောင်းတွေ ဖြစ်လာနိုင်စေသည်။

ရှေးခေတ်ကာလတွင် ကလေးပြုစုပျိုးထောင်ခြင်း (Completed)Where stories live. Discover now