အခန်း ၁

38.8K 2.2K 62
                                    

Raising Children in Ancient County Town

Unicode

အခန်း : ၁

"ဆိုင်သွားပြီးပစ္စည်းတစ်ခုသွားယူမလို့။ ဘာစားချင်လဲ ငါပြန်လာရင်ဝယ်လာခဲ့မယ်"
ချီရှို့က သူ့လက်များကိုသုတ်ရင်း ခြံဝန်းထဲမှာထိုင်နေတဲ့ ချောင်းရှန်ကို ကြည့်ကာပြောလိုက်သည်။ 

 ချောင်းရှန်က ခြံဝန်းထဲရှိ ကျောက်စားပွဲတွင်ထိုင်နေခဲ့ပြီး သူ့ပါးစပ်ထဲကဆန်ပြုတ်၏နောက်ဆုံးအလုတ်ကိုမြိုချရန်ကြိုးစားနေခဲ့သည်။ ဆန်ပြုတ်ကစားရတာခက်လွန်းတာတော့မဟုတ်ပေ။ ချောင်းရှန်၏ခန္ဓာကိုယ်က မကျန်းမာသေးတာကြောင့် သူ့အစာအိမ်က စားစရာအများကြီးလက်မခံနိုင်သေးတာဖြစ်သည်။
"ဒါသောက်ပြီးပြီဆိုတော့ ကျွန်တော်ထပ်စားစရာမလိုတော့ဘူး။ ဒါဆိုပိုက်ဆံလည်းမကုန်တော့ဘူး"

 ချီရှို့က လက်သုတ်နေရင်းရပ်သွားသည်။ ချောင်းရှန်က သတိမေ့ရာမှ ပြန်နိုးလာပြီးကတည်းက ထိတ်လန့်မှုများစွာကိုတွေ့ကြုံခဲ့ရသည်။ အရင်လိုသာဆိုချောင်းရှန်က စားသောက်ဆိုင်ကိုသွားစားတတ်သည်။ အခုသက်သာလာတာတစ်လလောက် ကြာပြီးနောက် သူတစ်ခါမှ မသွားရသေးဘူးဆိုတော့ သူသွားချင်နေသင့်ပြီ။

အခုတော့ချီရှို့က အရင်ရက်တွေတုန်းကလောက် မအံ့သြတော့ဘူး။ လက်သုတ်ပုဝါကိုချလိုက်ပြီး ချီရှို့က သူ၏ အဝတ်များကိုဆွဲဆန့်ကာ ခြံဝန်းထဲမှထွက်သွားခဲ့သည်။ 

ချောင်းရှန်က ချီရှို့ရဲ့ နောက်ကျောကိုကြည့်နေရင်း  တဖြည်းဖြည်းပိတ်သွားသော ခြံတံခါးကို ငေးကြည့်ကာ တွေဝေမိန်းမောလာသည်။

ချောင်းရှန်ကဝိညာဥ်ကူးပြောင်းလာသူဖြစ်သည်။ သူက ၂၀၂၀ခုနှစ်က Hyundaiမှ အစောပိုင်းကင်ဆာရောဂါကြောင့် နှစ်ပေါင်းများစွာကြာအောင် နေမကောင်းဖြစ်နေခဲ့သောလူငယ်လေးဖြစ်သည်။ 

ဖေဖေချောင်းသည် ချောင်းရှန်၏ ကျောင်းအထက်တန်းနှစ်တွင် ကင်ဆာရောဂါဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ နှစ်နှစ်ကြာပြီးနောက် မေမေချောင်းနှင့် ကောလိပ်ဝင်ခွင့်ဖြေဆိုနေသော ချောင်းရှန်တို့ကို ထားရစ်ကာ ကွယ်လွန်သွားခဲ့သည်။ မေမေချောင်းသည် သူမ၏ခင်ပွန်းအားဆုံရှုံးလိုက်ရခြင်းကို မြိုသိပ်သည်းခံထားခဲ့သည်။ သားဖြစ်သူကိုစောင့်ရှောက်ရင်း သူမ၏ခင်ပွန်းချန်ထားခဲ့သော လက်ဝတ်ရတနာဆိုင်ကိုလည်း ဆက်လက်ထိန်းသိမ်းခဲ့သည်။ အရာအားလုံးက အကောင်းဘက်ကို ဦးတည်နေခဲ့သည်။ 

ရှေးခေတ်ကာလတွင် ကလေးပြုစုပျိုးထောင်ခြင်း (Completed)Wo Geschichten leben. Entdecke jetzt