အခန်း ၂၅

8.5K 1.1K 14
                                    

Raising Children in Ancient County Town

Unicode

အခန်း ၂၅

မကြာသေးမီက ချီမိသားစုအိမ်သည် စကူတာများအတွက် ကြီးမားတဲ့အမှာစာတစ်ခု ရရှိခဲ့သည်။ ချီရှို့က သူ့သားအတွက် စကိတ်ဘုတ် ကစားစရာလေး လုပ်ပေးပြီးကတည်းက ရှောင်ချန်းလဲ့က နေ့တိုင်း အပြင်ထွက်ကစားကာ လူကြီးတွေကို ထိခွင့်တောင်မပေးပေ။

ထို့နောက် ချီရှို့က စကိတ်ဘုတ်လေးနဲ့တူပေမယ့် အဆပေါင်းများစွာ ပိုကြီးတဲ့စကူတာကို ဖန်တီးခဲ့သည်။ တစ်နေ့မှာတော့ ယန်းမူထုက ဒါကိုသုံးကာ ပစ္စည်းသွားပို့ပြီး ပြန်လာခဲ့သည်။ လမ်းတွင် လူများစွာက သူ့ကိုမေးကြသည်ဟု ဆိုသည်။ ဒါက လမ်းလျှောက်လို့လွယ်ပြီး ကစားလို့လည်းရသည်။

နောက်တစ်ရက်မှာတော့ ကုန်သည်များစွာက တံခါးဆီရောက်လာကာ တစ်ယောက်ပြီး တစ်ယောက် ကြိုတင်စရံငွေများပေးကာ ဆိုင်ခွဲတွေက ကုန်သည်တွေပင် ဒါဇင်နှင့်ချီသော အရေအတွက်တို့ကို မှာယူလိုကြသည်။ 

ချီရှို့က အမှာတစ်ချို့ကိုလက်ခံကာ ပိုက်ဆံအများကြီးရတယ်လို့ ချောင်းရှန်က ကြားတော့ သူ့မျက်လုံးတွေက တောက်ပလာသည်။ "ကောင်းလိုက်တာ။ နှစ်သစ်ကူးရောက်ခါနီးနေပြီ။ အသားများများဝယ်ပြီးစားရမယ်"

"ရက်နည်းနည်းလောက်ထပ်ဖွင့်ပြီးရင် ဆိုင်ပိတ်ပြီး ရွာကို ပြန်ကြရအောင်" ချီရှို့က သူ့ရဲ့ လက်ရာကိုဂုဏ်ယူရင်း ချောင်းရှန်ရဲ့ပုံစံကို ကြည့်လိုက်သည်။ 

"ကောင်းပြီ။ ကျွန်တော်တို့ စီစဥ်ရဦးမယ်။ ပြန်သွားရင် ဘာတွေဝယ်သွားကြမလဲ"

"နွားလှည်းငှားရအောင်။ နွားလှည်းက နှေးပေမယ့် အန္တရာယ်ကင်းတယ်။ မင်းလိုချင်တာ ဝယ်ပေးမယ်။ ဘာဝယ်ချင်တာလဲဆိုတာကိုသာပြောပါ " ချီရှို့က ချောင်းရှန်ကို ယခုအလုပ်ရှင်လို ဆက်ဆံနေပုံရသည်။

"ကောင်းပါပြီ။ အစ်ကိုပြောတာ နားထောင်ပါ့မယ်"  သုံးလတောင် မပြည့်သေးတာကြောင့် စိတ်ချရအောင် ချီရှို့ပြောတာကို နားထောင်ကြပါစို့။

.........

ဒီနေ့ကတော့ သူတို့ရွာကို ပြန်ကြမည့်နေ့ပင်။ မွန်းတည့်ချိန်တွင် နေထွက်လာပြီမို့ သိပ်မအေးတော့တာကြောင့် အထုပ်အပိုးတွေ ပြင်ကာ နွားလှည်းစီးဖို့ ပြင်လိုက်သည်။ ရှောင်ချန်းလဲ့က သူ့ရဲ့စကိတ်ဘုတ်လေးကို ကိုင်ထားပြီး ချန်ထားခဲ့ဖို့ ငြင်းဆန်နေသည်။       "ချန်းလဲ့, ရက်နည်းနည်းလောက် နေပြီးရင် ပြန်လာကြမှာလေ။ သားက New Yearပြီးရင် ပြန်လာမှာလေ။ အဆင်ပြေလား"

ရှေးခေတ်ကာလတွင် ကလေးပြုစုပျိုးထောင်ခြင်း (Completed)Wo Geschichten leben. Entdecke jetzt