အခန်း ၁၀

10.2K 1.4K 11
                                    

Raising Children in Ancient County Town

Unicode 

အခန်း ၁၀

ချောင်းရှန်က ဒီနေ့ လမုန့်လုပ်ဖို့ စီစဥ်ထားတာကြောင့် ဂျယ်လီရောင်းဖို့မသွားပေ။ ဒါက ရှောင်ချန်းလဲ့ကို စိတ်ရှုပ်သွားစေသည်။ သူက တက်ကြွတဲ့အရွယ်ဖြစ်တာကြောင့် သူ့ပါပါးနှင့်နေ့တိုင်းအပြင်သွားကာ  ပျော်ချင်သည်။ ဒီနေ့က နားရက်ဖြစ်နေတာကြောင့် သူ ငြိမ်ငြိမ်မနေနိုင်တော့ဘဲ ချောင်းရှန်ကို ခြံဝန်းတံခါးဆီဆွဲခေါ်နေတော့သည်။

"ပါပါးက ဒီနေ့ အပြင်မသွားဘူး"

ချောင်းရှန်က သူ့ကို ပြန်ခေါ်လိုက်သည်။ ရှောင်ချန်းလဲ့က သူ့ပါပါး မသွားတာမြင်တော့ ခန္ဓာကိုယ်ကိုတွန့်လိမ်ကာ ခြံတံခါးဆီ သွားတော့သည်။ 

"ဒါကြောင့် သားဘာသာသား ဆော့နေနော်။ ပါပါးက သားစားဖို့ လမုန့်လုပ်ပေးမယ်"

ချောင်းရှန်က ခြံတံခါးကိုသော့ခတ်လိုက်ပြီး ရှောင်ချန်းလဲ့က တံခါးကို လက်ဖြင့်ပုတ်ကြည့်လိုက်သည်။ လက်လေးတွေတောင်နာလာပြီ။ သူ့ပါပါးက တံခါးလာဖွင့်ဖို့မလာတာကိုမြင်တော့ တံခါးနားမှာပဲ ထိုင်ချလိုက်ပြီး မြေပြင်ပေါ်ကပုရွတ်ဆိတ်လေးတွေကို လက်ချောင်းဝတုတ်လေးတွေနဲ့ ထိုးဆွနေသည်။

တစ်ခါတစ်ရံမှာလည်း သူ့အဖေကိုခေါ်သလို အော်ကာ အသံရှည်ဆွဲနေသည်။

"Da ....da..."

ချောင်းရှန်က သူငြိမ်ပြီး ဘာတွေလျှောက်လုပ်နေတာလဲလို့ တိတ်တဆိတ် စောင့်ကြည့်ကာ ခြံဝန်းအပြင်မထွက်တာ သေချာမှ လမုန့်လုပ်ဖို့ ပြန်သွားခဲ့သည်။ နောက်ခံတေးဂီတကတော့ 'da...da..'ပဲ ဖြစ်သည်။

ချောင်းရှန်က ရေစိမ်ထားတဲ့ကြာစေ့တွေကို ကျောက်ငရုတ်ဆုံကြီးထဲထည့်ကာ ကျောက်ကျည်ပွေ့ဖြင့် အနှစ်ဖြစ်အောင် ကြိတ်လိုက်သည်။ ထို့နောက် အိုးကိုတည်ကာ ဆီကိုအပူပေးပြီး သကြားကိုထည့်လိုက်သည်။ သကြားအရည်ပျော်လာသောအခါ ကြိတ်ထားတဲ့ကြာစေ့များကို ဒယ်အိုးထဲ လောင်းထည့်ပြီး မီးအပူရှိန်လျှော့ကာ ကြော်လိုက်သည်။ ကြာစေ့တွေပစ်လာတဲ့အခါမှာတော့ အဆင်သင့်ဖြစ်ပါပြီ။ 

ရှေးခေတ်ကာလတွင် ကလေးပြုစုပျိုးထောင်ခြင်း (Completed)Where stories live. Discover now