အခန်း ၁၂

10.5K 1.3K 10
                                    

Raising Children in Ancient County Town

Unicode

အခန်း ၁၂

နှစ်ယောက်သား ဆွေးနွေးပြီးတော့ နေတောင် ဝင်သွားပြီ။ ချောင်းရှန်က ညစာချက်ဖို့ မီးဖိုချောင်ထဲ ဝင်သွားပြီး ချီရှို့ကတော့ ရှောင်ချန်းလဲ့ကို ခြံထဲတွင် ရေချိုးပေးနေသည်။

ချောင်းရှန်က ကြက်တောင်ပံအစပ်ချက် လုပ်ချင်ပေမယ့် ကံမကောင်းစွာနဲ့ ကြက်တောင်ပံ၊ ကြက်ပေါင်၊ ကြက်ခြေထောက် အားလုံးက နှစ်ခုစီသာ ရှိတာကြောင့် ကြာစွယ်နှင့် တို့ဟူးခြောက်များကိုသာများများချက်လိုက်ရသည်။

ကလေးက စပ်တဲ့စားစရာတွေ မစားနိုင်တာမို့ နှပ်ထားတဲ့ ကြက်သားကလည်း အရသာမရှိတာကြောင့် ဆားနှင့် နုတ်နုတ်စင်းထားတဲ့ ဂျင်းတို့ဖြင့်နယ်ကာ ဟင်းခတ်အမွှေးအကြိုင်တို့ကို ကြက်ဗိုက်ထဲ သိပ်ထည့်ကာ ပိတ်ကျဲဖြင့်ပတ်ပြီး ပန်းကန်ထဲထည့်လိုက်သည်။ ထို့နောက် ဆားကြမ်းထည့်ထားတဲ့ အိုးထဲ ထည့်ကာ ဆားကြက်ကင်လုပ်လိုက်သည်။

ဟင်းခတ်အမွှေးအကြိုင်ရနံ့တွေက မီးဖိုထဲမှ ထွက်လာပြီး လေထုသည် ငရုပ်သီးနံ့များ မွှန်ထူလာကာ ရှောင်ချန်းလဲ့က နှာချေတော့သည်။ ချီရှို့က ရေနွေးရောစပ်ကာ ရှောင်ချန်းလဲ့ကို ခေါ်ပြီး အဝတ်အစားတွေ ချွတ်ပေးကာ ရေဇလုံထဲတွင် ထည့်ထားချင်ခဲ့တာဖြစ်သော်လည်း နှာချေတာကြောင့် သူ့ခန္ဓာကိုယ်က တုန်ရီနေသည်။

ချီရှို့က နှုတ်ခမ်းတွေကို တွန့်ကွေးလိုက်ပြီး ရှောင်ချန်းလဲ့ကို သူ့လက်တွေထဲ ခဏပွေ့ထားလိုက်သည်။ ရှောင်ချန်းလဲ့ရဲ့ ခန္ဓာကိုယ်က နေရောင်ခြည်လေးလို နွေးနေသည်။ ချီရှို့က သူ့လက်တွေက နူးညံ့ပြီး အိစက်နေတဲ့ကလေးအဆီလေးတွေကို ခံစားမိတာကြောင့် စိတ်ကျေနပ်သွားသည်။ အခု ရှောင်ချန်းလဲ့က ဖြူဖွေးအိစက်နူးညံ့ကာ ဝတုတ်နေတာမို့ အရင်က အားနည်းပြီး ပိန်နေတဲ့ ပုံရိပ်က ဘယ်ရောက်သွားတာလဲ။

"DaDa...စား"

ရှောင်ချန်းလဲ့က စကားတစ်လုံးချင်း ပြောထွက်လာသည်။ ချောင်းရှန်က သူ့ကို နေ့တိုင်းပြောတာကို အများကြီး ကြားခဲ့ရတာကြောင့် သူကလည်း ပြန်ပြီး တုံ့ပြန်ပြောချင်လာသည်။

ရှေးခေတ်ကာလတွင် ကလေးပြုစုပျိုးထောင်ခြင်း (Completed)Where stories live. Discover now