အခန်း ၂၈

8K 1K 17
                                    

Raising Children in Ancient County Town

Unicode

အခန်း ၂၈

ပြန်လည်ဆုံဆည်းသည့်ညစာပွဲနေ့တွင် ချီမိသားစုတစ်စုလုံးက တစ်နေ့လည်လုံး အလုပ်များနေကြပြီး ချောင်းရှန်ကတော့ ချမ်းသာကြွယ်ဝတဲ့ငပျင်းကြီး ဖြစ်နေသည်။ သူ ပျင်းသထက် ပိုပျင်းလာတာကို ခံစားနေရသည်။ သူ့မိသားစုကလည်း သူ့ကို ဘာမှမလုပ်ခိုင်းပေ။ ရှောင်ချန်းလဲ့တောင် ပြေးလွှားနိုင်သေးသည်။ သူကတော့ တနေကုန်ထိုင်နေကာ မိသားစုဝင်တွေကျွေးမွေးလာသမျှကို အချိန်နဲ့အမျှလက်ခံနေရသည်။

ချီရှို့တောင် အသားပေါင်းခေါက်ဆွဲ ပန်းကန်တစ်ချပ် လုပ်ဖို့ မီးဖိုချောင်ထဲ ဝင်သွားခဲ့သည်။ ချောင်းရှန်က ချီရှို့ကို ပြောလိုက်သည်။ "ကျွန်တော်သံချေးတက်တော့မယ်လို့တောင် ခံစားနေရတယ်။ တစ်ခုခုလုပ်ခွင့်ပြုပါဦး"

ချောင်းရှန်ရဲ့သနားစရာ သူတောင်းစားလိုမျက်နှာကို မြင်တော့ ပြုံးပြီး ချောင်းရှန်ရဲ့ပါးကို ညှစ်ကာ ပြောလာသည်။ "ရက်နည်းနည်းလောက်ကြာရင် သုံးလရှိတော့မယ်။ သည်းခံပါဦး မင်းက ကိုယ့်ကို စိတ်ပူစေတာကို သိရဲ့လား"

ကောင်းပြီလေ။ ချောင်းရှန်က သက်ပြင်းချကာ စားချိန်ရောက်တော့ ပျော်ပျော်ကြီး စားနေလိုက်သည်။

ညစာစားပြီးနောက် အကြီးတွေက ကလေးတွေကို နှစ်သစ်ကူးမုန့်ဖိုးပေးကြသည်။ ရှောင်ချန်းလဲ့က သူ့အစ်ကိုနှစ်ယောက် လုပ်တာကို သင်ယူကာ အခင်းပေါ်တွင် ဒူးထောက်ပြီး ခေါင်းကို တရိုတသေငုံ့ကာ လူကြီးတွေက အနီရောင်အစဖြင့်လုပ်ထားတဲ့ အိတ်သေးသေးလေးကို ယူလာခဲ့ကြသည်။ အထဲတွင် ပိုက်ဆံကဲ့သို့ တစ်ခုခုရှိကြသည်။

မေမေချီက အိတ်အနီလေးကို ယူကာ ချောင်းရှန်ရဲ့လက်ထဲ ထည့်ပေးလိုက်သည်။ ချောင်းရှန်က ရှက်ရွံ့စွာ ပြောလိုက်သည်။ "အမေ ကျွန်တော် အသက်ဘယ်လောက်တောင် ရှိနေပြီလဲ" ပြီးတော့ ခယ်မဖြစ်သူမှာလည်း မရှိဘူးလေ။

"ယူလိုက်ပါ ဒါက ငါ့ရဲ့ မကြာခင်တွေ့ရတော့မယ့် လေးယောက်မြောက်မြေးလေးကို ပေးတာ" 

ရှေးခေတ်ကာလတွင် ကလေးပြုစုပျိုးထောင်ခြင်း (Completed)Where stories live. Discover now