အခန်း ၂၇

8.2K 1.1K 20
                                    

Raising Children in Ancient County Town

Unicode

အခန်း ၂၇

ချီရှို့က ထိတ်လန့်သွားခဲ့သည်။ ချောင်းရှန်က သူက လွန်ခဲ့တဲ့အနာဂတ်နှစ်ပေါင်းထောင်ချီက လာခဲ့တာလို့ပြောသည်။ တိုင်းပြည်က သာယာပြီး လူတွေက အဆင်ပြေပြေနဲ့ ပျော်ရွှင်တဲ့ဘဝမျိုးနဲ့ နေထိုင်ကြတယ်လို့ ပြောသည်။သူက သူ့ဖေဖေ၊ သူ့မေမေနှင့် သူ့ကိုယ်သူအကြောင်းပါပြောပြပြီး သူက ကင်ဆာဖြစ်တာလို့ ပြောသည်။

ချောင်းရှန်က သူအိပ်ရာထဲမှာ ခြောက်နှစ်ကြာအောင် လှဲလျောင်းနေခဲ့ရတယ်လို့ ပြောတာကြားတော့ ချီရှို့က သူ့ရင်ခွင်ထဲက လူကို စိတ်ထိခိုက်စွာ မဖက်ပဲမနေနိုင်တော့ပေ။ "အဲ့ဒါကနာကျင်သလား"

ချောင်းရှန်က အဲ့ဒီလှဲနေခဲ့ရတဲ့အချိန်တုန်းက ခံစားချက်တွေကို ပြန်စဥ်းစားပြီး ပြောလိုက်သည်။ "လှဲနေရတာ ကြာလွန်းလို့ နာလား မနာလားတောင် မေ့သွားပြီ။ ခွန်အားမရှိတော့ဘူးဆိုတာကိုတော့ မှတ်မိတယ်။ ဓာတုကုထုံးစလုပ်တော့ ဒီလောက်ကြီးတဲ့ အချောင်းက ကျွန်တော့်ရင်ဘတ်ထဲဝင်လာတာ။ ခြောက်ကြိမ်လောက် ထိုးသွင်းပြီးတော့ ဘာမှမခံစားရတော့ဘူး " သူဒါကို တွေးမိတော့ အနည်းငယ် တုန်လှုပ်သွားသည်။

ချီရှို့က ချောင်းရှန်ရဲ့နဖူးကို နမ်းကာ နောက်ကျောကို ကလေးလေးလိုပုတ်ပေးရင်း နူးညံ့စွာချော့ပြောလာသည်။ "မနာတော့ဘူး။ မနာတော့ဘူး။ ကိုယ်ဒီမှာလေ ကိုယ်ဒီမှာရှိနေပြီလေ ချောင်းအာ"

ချောင်းရှန်က ချီရှို့ရဲ့ ရင်ခွင်ထဲ လှဲလျောင်းရင်း သူကသူ့ရဲ့ရတနာလေးဖြစ်သလို လက်ဖဝါးကြီးဖြင့် အသာပုတ်ပေးရင်း သူ့နားထဲကို တိုးတိုးလေးပြောနေတဲ့ ချီရှို့ရဲ့အသံကို နားထောင်နေရင်း ဟန့်တားဖို့တောင် ဝန်လေးနေသည်။

သူက ရုတ်တရက် ချီရှို့နှင့် ပိုနီးကပ်ချင်လာသည်။ ချီရှို့ရဲ့ လည်တိုင်ကိုဆွဲကာ ရင်ဘတ်ကြွက်သားတွေပေါ် သူ့မျက်နှာကို မြုပ်ထားလိုက်သည်။ ချီရှို့ရဲ့ရင်ဘတ်က နွေးနေပြီး သူပူနွေးလာတာကြောင့် ထပ်တောင် ငိုချင်သွားသည်။ 

ရှေးခေတ်ကာလတွင် ကလေးပြုစုပျိုးထောင်ခြင်း (Completed)Where stories live. Discover now