အခန်း ၂၉

7.4K 1.1K 19
                                    

Raising Children in Ancient County Town

Unicode

အခန်း ၂၉

ချောင်းရှန်က ဆေးရုံပေါ်မှာ ခြောက်နှစ်ကြာအောင် လှဲလျောင်းနေခဲ့ရတုန်းက ဗီဒီယိုတွေကြည့်ဖို့ iPadဖွင့်ပေးကာ အလုပ်တာဝန်အရ သူ့ကို အစာကျွေးကြမယ့်အစား သူ့ဘေးမှာ တစ်စုံတစ်ယောက်ကိုသာ ရှိနေစေချင်ခဲ့သည်။ ဘယ်သူမှ သူ့ကိုစကားမပြောကြပဲ သူ့အထီးကျန်မှုကို ဘယ်သူမှ နားမလည်ကြပေ။ 

သူ့အမေသေဆုံးသွားပြီးနောက် လူတိုင်းက သူ့ကို ရှင်လျက်သေနေတဲ့လူအဖြစ် သတ်မှတ်ကာ ရှင်လျက်သေနေတဲ့လူဖြင့် ဘယ်သူကမှ မဆက်သွယ်မပြောဆိုချင်ကြတာကြောင့် ဘယ်သူကမှ သူ့ကို တစ်ဖက်သတ်ကြီး စကားလာမပြောကြပေ။

သူနိုးလာတဲ့အခါမှာတော့ အချိန်နဲ့အမျှ သူ့ဘေးမှာ ကပ်နေတတ်တဲ့ ကလေးလေးလည်း ရှိကာ နှုတ်နည်းပေမယ့် သူ့ကို ကြင်နာတတ်တဲ့ အမျိုးသားလည်းရှိတာကြောင့် သူတို့အပေါ်ကို အဆရာတစ်ရာလောက် ပိုကောင်းတဲ့သူ ဖြစ်ချင်သည်။ 

တခြားသူတွေက စောစောစီးစီးချစ်မိနေကြတဲ့ အရွယ်မှာ သူကတော့ သူ့ဖခင်ကို ဆုံရှုံးလိုက်ရတဲ့ နာကျင်မှုကို အတွေ့အကြုံရခဲ့ရသည်။ တက္ကသိုလ်ရောက်ပြန်တော့လည်း ဘာမှတောင် မစတင်ရသေးခင် ကင်ဆာရောဂါဝေဒနာကို ခံစားခဲ့ရသည်။ သူ့မှာ ဘယ်တုန်းကမှ relationshipမရှိခဲ့ဖူးပေ။ ဒါကြောင့် တခြားသူတွေရဲ့ချစ်ခြင်းမေတ္တာက ဘယ်လိုလဲဆိုတာ သူမသိပေ။

သို့သော် ချောင်းရှန်က သူနဲ့သာရှိနေချင်သည် ဒါမှမဟုတ် ချီရှို့နဲ့သူ့အချစ်က တစ်ယောက်နဲ့ တစ်ယောက်ပိုင်ဆိုင်ပြီးမှ ဖြစ်လာခဲ့တာဖြစ်သည်။ ယန်းလျူကတော့ ချောင်းရှန်ပြောခဲ့တဲ့ စကားတွေထဲမှာ နှစ်မြုပ်နေဆဲဖြစ်သည်။ ချောင်းရှန်ကထကာ နေ့လည်စာချက်ဖို့ တံခါးဆီသွားလိုက်သည်။ ပူစပ်ပြီးချဥ်တဲ့ တစ်ခုခုကို စားချင်နေသည်။ ချဥ်ချဥ်စပ်စပ်ကြာစွယ်ချက်ရန် စီစဥ်ပြီး ရှောင်ချန်းလဲ့အတွက် ဝက်နံရိုးချိုချဥ် လုပ်လိုက်သည်။

နံရိုးတွေကို ငံပြာရည်နဲ့ ရှာလကာရည်တို့ဖြင့် အနည်းငယ်နှပ်ထားလိုက်သည်။ ချောင်းရှန်က ချဥ်ချဥ်စပ်စပ်ကြာစွယ်တစ်ပန်းကို အရင်ချက်လိုက်သည်။ ချဥ်ချဥ်စပ်စပ်အနံ့တွေ ထွက်လာတာနဲ့ သရေတွေတောင် ထွက်ကျလာတော့မယ်လို့ ခံစားလိုက်ရသည်။ 

ရှေးခေတ်ကာလတွင် ကလေးပြုစုပျိုးထောင်ခြင်း (Completed)Where stories live. Discover now