အခန်း ၁၈

9.8K 1.2K 8
                                    

Raising Children in Ancient County Town

Unicode

အခန်း ၁၈

ဒီနေ့က Xiayuanပွဲတော်နေ့ ဖြစ်ပြီး လူတွေက အသင့်စားစားစရာတွေပဲ စားကြတာကြောင့် ချီရှို့နှင့် ချောင်းရှန်တို့က သူတို့ကိုယ်သူတို့ အနားပေးကာ  ယနေ့ဆိုင်မဖွင့်ခဲ့ကြပေ။  

မျက်နှာသစ်ပြီးတဲ့နောက်မှာတော့ အေးမြတဲ့ တွင်းရေက ချောင်းရှန်ကို ချမ်းပြီး တုန်သွားစေသည်။ ဆောင်းဦးရာသီရောက်ပြီးနောက် အပူချိန်က အလျင်အမြန်လျော့ကျလာသည်။ ထို့နောက် ချီရှို့ရဲ့ လှုပ်ရှားမှုများကို အတုယူကာ မိုးမခင်ပင်၏ဘေးတွင်ရပ်ကာ လေ့ကျင့်ခန်းလုပ်ရန် လက်မောင်းကို အကြောဆန့်ရင်း ခြေထောက်တွေကိုလည်း ကန်လိုက်သည်။ ဆိုင်ဖွင့်ပြီးကတည်းက ချောင်းရှန်ရဲ့ အလုပ်ဝန်ကလည်းတိုးလာသည်။ ဒီအခြေခံအကြာဆန့်တာလေးကတောင် ချောင်းရှန်ကို ချဥ်တူးတူးခံစားနေရစေသည်။

ချီရှို့ကချောင်းရှန်ရဲ့ပုခုံးကို ဖျစ်ညှစ်ကူဖို့ လျှောက်လာပြီးနောက် နောက်ကနေ ဖက်ထားလိုက်သည်။ ဇနီးမောင်နှံနှစ်ယောက် ဘာအလုပ်မှလုပ်စရာမရှိတဲ့ ငြိမ်းချမ်းမှုကို ခံစားရင်းတစ်ဦးကို တစ်ဦးပွေ့ဖက်ထားကြပြီး ဘာကလေးမှလည်း သူတို့အနားမှာမရှိပေ။ 

"လေးတဲ့ပစ္စည်းတွေ ရွေ့ဖို့နဲ့ ဆိုင်ကို သန့်ရှင်းရေး လုပ်ဖို့ အကူတစ်ယောက်လောက် ငှါးပါဦး။ ချန်းလဲ့က အရင်ကထက် ပိုဆော့လာတယ်။ မင်းအရမ်းပင်ပန်းနေမှာ စိုးတယ်"

"ကောင်းပါပြီ။ ကျွန်တော် စီစဥ်လိုက်ပါ့မယ်။ ချန်းလဲ့က ဝိတ်တွေအများကြီးတက်လာပြီး ကျွန်တော်တောင် မထိန်းနိုင်တော့ဘူး"

ချောင်းရှန်က ချီရှို့ရဲ့ရင်ခွင်ထဲ သက်တောင့်သက်သာမှီလိုက်သည်။ ဆောင်းဦးရာသီရဲ့မနက်ခင်းတွေက အနည်းငယ် အေးပေမယ့် ချီရှို့ရဲ့ခန္ဓာကိုယ်ကတော့ ကိုယ်ပိုင်မီးဖိုလိုပဲ သူ့ကို အနွေးဓာတ်အမြဲပေးနေသည်။

"သူကပိုအရပ်ရှည်လာပြီ။ မနေ့ကတောင် ကိုယ့်ခြေထောက်နားလာရပ်ပြီး လက်ဟန်ပြနေတာ ပေါင်နားကိုမှီခါနီးနေပြီ"

ရှေးခေတ်ကာလတွင် ကလေးပြုစုပျိုးထောင်ခြင်း (Completed)Where stories live. Discover now