အခန်း ၃၄

6.8K 904 14
                                    

Raising Children in Ancient County Town

Unicode

အခန်း ၃၄

ချောင်းရှန်တို့ ချောင်းရှီလမ်းကို အမြန်ရောက်လာတော့ နေ့လယ်တောင် ရောက်လုပြီ။

ချောင်းရှီလမ်းတွင် ကြီးကျယ်ခန့်ညားတဲ့ သင်္ကေတဖြင့် 'ချောင်းရှီလမ်း'ဟု ဆိုင်းဘုတ်ကြီးတစ်ခု တည်ဆောက်ထားသည်။ လမ်းထိပ်တွင်ရပ်ကာ အထဲကို ကြည့်လိုက်လျှင် အရာအားလုံးက သစ်လွင်သန့်ရှင်းနေသည်။ လမ်းဆုံတွင်ရထားလုံးထဲမှထွက်ကာ ရှောင်ချန်းလဲ့ကိုခေါ်ပြီး သူ့ဆိုင်ဆီသို့ လျှောက်လာခဲ့ကြသည်။ လမ်းပေါ်တွင် သကြားလုံးတိုင်တွေကို သယ်ကာ ရောင်းနေကြတဲ့ သကြားလုံးရောင်းသူ နှစ်ယောက်၊ သုံးယောက်ခန့်ကို တွေ့ရပြီး သကြားလုံးလုပ်ဖို့ ခင်းကျင်းနေကြတဲ့ လူအချို့လည်း ရှိကြသည်။ 

ဆိုင်တွေမဆောက်ခင်က စီးပွားရေးသမားတွေက  တည်နေရာကို ဆွေးနွေးခဲ့ကြတာကြောင့် တုန့်ကျန်းနဲ့ရှီကျန်းမြို့က လူစည်ကားတဲ့ နေရာတွေထက် ပိုစည်ကားသည်။ ဆိုင်တွေကလည်း ကျယ်ဝန်းကာ လမ်းတွေက ပိုတောင် ကျယ်ဝန်းသေးသည်။

ရည်ရွယ်ရာကို လျှောက်လာရင်း အရှေ့ဘက်ဆီမှ Luweiဆိုင်ရဲ့ နီရဲပူပြင်းနေတဲ့ သတ္တုပြားကြီးနဲ့ အသားစွပ်ပြုတ်ရနံ့နဲ့ အဝါရောင်အိုးရဲ့ အနံ့ကို ရကာ ပြတင်းပေါက်မျက်နှာပြင်တွင် စားချင်စဖွယ် ဝက်သားနှပ်ပန်းကန်တွေ ခင်းကျင်းထားပြီး ကြိုဆိုနေသည်။

ချောင်းရှန်ရဲ့Luweiဆိုင်ရဲ့ဘယ်ဘက်က ဆိုင်သည် ချီရှို့ရဲ့လက်သမားဆိုင် ငါးဆိုင်ဖြစ်သည်။ ပထမဆုံးဆိုင်ထဲ ဝင်ကြည့်လိုက်လျှင် ကလေးများရဲ့ကစားစရာ အခန်းဖြစ်သည်။ ချန်းလဲ့ရဲ့အိမ်လို့ နာမည်ပေးထားသည်။ Luweiဆိုင်ရဲ့ ဘေးကလူတွေက တံခါးမှ အထဲသို့ ကြည့်နေကြသည်။

အတွင်းပိုင်းကို နူးညံ့သိမ်မွေ့တဲ့ပုံစံရှိတဲ့ ချည်ဝါဂွမ်းစဖြင့် ဖုံးအုပ်ထားပြီး ဘေးဘက်တွင် ကလေးအရွယ်နဲ့အညီပြုလုပ်ထားတဲ့ သေးငယ်တဲ့တန်းလျားခုံလေး၊ သေးငယ်ပြီး လက်ရာမြောက်တဲ့စကူတာတွေ၊ အိမ်တွင်းဒါန်းတွေနဲ့ ကလေးလမ်းလျှောက် ထိုင်ကွင်းတွေလည်းရှိနေကာ ကလေးများအတွက် ကစားစရာများ၊ သေးငယ်တဲ့ပရိဘောဂများဖြင့် ပြည့်နေသည်။

ရှေးခေတ်ကာလတွင် ကလေးပြုစုပျိုးထောင်ခြင်း (Completed)Where stories live. Discover now