အခန်း ၃၀

7.5K 1.1K 15
                                    

Raising Children in Ancient County Town

Unicode

အခန်း ၃၀

ချောင်းရှန်ရဲ့မျက်နှာက လေးနက်နေကာ နှုတ်ခမ်းထောင့်တွေကလည်း ခက်ထန်တဲ့ပုံ ပေါ်နေသည်။ရှောင်ချန်းလဲ့အရင်က မကြားဖူးတဲ့ လေသံဖြင့် ပြောလာသည်။ 

"မင်း ဆိုင်က ထွက်သွားတုန်းက ဘာလို့ အစ်ကိုယန်းလျူကို မပြောခဲ့ရတာလဲ"

ရှောင်ချန်းလဲ့က ငိုနေဆဲဖြစ်ကာ ဒီလောက်ထိ ပြင်းပြင်းထန်ထန်ငိုတာက ပထမဆုံးအကြိမ် ဖြစ်သည်။ ငိုတာကို မရပ်နိုင်တော့ပဲ သူ့စိတ်တွေတောင် ဗလာဖြစ်နေသည်။ ငိုတာက သူ့ရဲ့စွမ်းအင်နဲ့ ဦးနှောက်စွမ်းအားတွေကို ကုန်သွားစေသည်။ သူ့ပါပါး ပြောနေတာတွေကိုလည်း မကြားနိုင်တော့ပဲ အရင်ကမမြင်ဖူးတဲ့ သူ့ပါပါးရဲ့ စိတ်တိုနေတာကိုသာ ကြည့်နေတော့သည်။ 

ရှောင်ချန်းလဲ့ငိုနေတာကို မကြားသလိုပဲ ချောင်းရှန်က သူ့ကို အလေးအနက်တိုက်တွန်းလိုက်သည်။

"ဒူးထောက်ပြီးတော့ အစ်ကိုယန်းလျူကို တောင်းပန်လိုက်"

သူစိတ်တွေယောက်ယက်ခတ်ပြီး မောပန်းနေသည်။ သူက ယန်းလျူရဲ့ သူ့မျက်လုံးတွေထဲကကိုယ့်ကိုကိုယ်အပြစ်တင်နေမှုကို မြင်နိုင်ခဲ့ပေမယ့် ရှောင်ချန်းလဲ့ ပျောက်ဆုံးနေမှုက ယန်းလျူကို ဂရုမစိုက်နိုင်အောင် ဖြစ်ခဲ့ရသည်။ တကယ်တော့ ကလေးတွေက အသက်ကြီးလာတာနဲ့အမျှ ထူးဆန်းတဲ့အတွေးတွေနဲ့ စိုးရိမ်ဖွယ်ရာကိစ္စတွေကို  လုပ်တတ်တာကို သူသိသည်။ မွေးဖခင်တစ်ယောက်အနေဖြင့် သူက ရှောင်ချန်းလဲ့ကို အမှားအယွင်းမရှိ ဂရုမစိုက်နိုင်ခဲ့ပေ။

ပြီးတော့ ဒါက ဆိုင်မှာရှောင်ချန်းလဲ့က နေ့လည်စာစားပြီးချိန်မှာ အနားယူတဲ့ ပထမဆုံးအကြိမ်မဟုတ်ပေ။ ယန်းလျူက သူ့ကို စောင့်ကြည့်ပြီး မတော်တဆမဖြစ်စေခဲ့ပေ။ အကြိမ်ပေါင်းများစွာ မတော်တဆမဖြစ်ဖူးတော့ ရှောင်ချန်းလဲ့ရဲ့ရောက်တတ်ရာရာအတွေးတွေနဲ့ လုပ်ရပ်တွေကြောင့် ဒီနေ့လို ဖြစ်လာတာပင်။ 

ယန်းလျူက သူ့ကိုတားဖို့ အမြန်ပြေးလာခဲ့သည်။ "အစ်ကိုရှန် မလိုပါဘူး။ သူက ငယ်လွန်းသေးတယ်။ သူ့ကို သေချာမကြည့်ထားမိတဲ့ ကျွန်တော့်ကိုယ် ကျွန်တော်ပဲ အပြစ်တင်မိပါတယ်"

ရှေးခေတ်ကာလတွင် ကလေးပြုစုပျိုးထောင်ခြင်း (Completed)Where stories live. Discover now