အခန်း ၁၇

9.8K 1.2K 29
                                    

Raising Children in Ancient County Town

Unicode

အခန်း ၁၇

"အစ်ကိုရှို့ ဒီနေ့ တစ်ရက်ကုန်ကျစရိတ်ကို ဖယ်လိုက်ရင် တစ် ဒါမှမဟုတ် နှစ်အပေါင်း ခြောက်ရာဆင့်ပဲ!"

ချောင်းရှန်က စိတ်လှုပ်ရှားပြီး ထအော်ချင်နေသည်။

"ပင်ပန်းနေပြီလား"

ချီရှို့က လျှောက်သွားပြီး ချောင်းရှန်ဘေးတွင် ဝင်ထိုင်ကာ လက်ကိုကိုင်လိုက်ပြီး သူ့လက်ဖြင့် ပုခုံးကို ပွတ်ပေးလိုက်သည်။ 

"ကျွန်တော် မပင်ပန်းပါဘူး။ ပိုက်ဆံရှာတာပဲကို ဘယ်လိုပင်ပန်းနိုင်မှာလဲ"

ချောင်းရှန်က ကျေနပ်ပီတိဖြစ်နေသည်။

"ဘာလို့ ပိုက်ဆံရှာရတာကို ဒီလောက် ကြိုက်ရတာလဲ"

ချီရှို့ပါ ချောင်းရှန်လို အပျော်ကူးစက်ခံရကာ ရယ်လိုက်သည်။

"ပိုက်ဆံရှာရတာကောင်းတယ်လေ။ စားချင်တာ စားလို့ရပြီး ကိုယ်ပိုင်ကျောင်းလည်း သွားရတယ်...အိမ်ခြံဝင်းနဲ့လည်း နေလို့ရတယ် "

ချောင်းရှန်က ခြံဝင်းပုံကို လက်ဟန်ပြကာ တွေးရင်း ထပ်ပြောလိုက်သည်။

"မပင်ပန်းပါဘူး။ ကျွန်တော်တို့ အတူတူရှိနေမှတော့ ဘဝရဲ့ဝန်ထုပ်ဝန်ပိုးတွေကို အစ်ကိုတစ်ယောက်တည်း ထမ်းခိုင်းလို့ ဘယ်ဖြစ်မလဲ။ အစ်ကိုက အခက်အခဲတွေကို ခံနိုင်ရည်ရှိပေမယ့် ကျွန်တော်ကတော့ အဲ့လိုမဖြစ်စေချင်ဘူး။ ကျွန်တော်လည်း ယောက်ျားတစ်ယောက်ပဲလေ "

ချီရှို့က ချောင်းရှန်ရဲ့တွန့်ဆုတ်တွန့်ဆုတ်ပြောသံကို ကြားတော့ အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။ ချောင်းရှန်က သူ့အတွက် စိတ်မကောင်းဖြစ်နေမယ်လို့ သူက မမျှော်လင့်ထားပေ။ သူက ယောက်ျားတစ်ယောက်ဖြစ်သည်။ ရှေးပဝေသဏီကတည်းက ယောက်ျားတစ်ယောက်သည် လက်ထပ်ပြီးတာနဲ့ စီးပွားရေးတစ်ခုကို လုပ်ဆောင်ရမည်ဖြစ်သည်။ မိသားစု၏အမာခံပုဂ္ဂိုလ်အနေဖြင့် မိသားစုကို ကျွေးမွေးစောင့်ရှောက်ရမည့်တာဝန်ရှိသည်။ မိသားစုကောင်းကောင်းစားပြီး နွေးနွေးထွေးထွေး ဝတ်ဆင်နိုင်ရန် နေ့တိုင်းအလုပ်ကြိုးစားရသည်။ သူကဘယ်လိုလုပ် သူ့ကိုယ်သူ ပင်ပန်းနေပြီလားလို့ မေးချိန်ရှိမှာလဲ။

ရှေးခေတ်ကာလတွင် ကလေးပြုစုပျိုးထောင်ခြင်း (Completed)حيث تعيش القصص. اكتشف الآن