အပိုင်း(၁၂၆)

Start from the beginning
                                    

'သူမကတစ်ဦးတည်းသောသမီးလေ'

စုန့်ထင်ယွီမျက်လုံးတွေကိုမှေးစင်းလိုက်ပြီး သူဘာသာသူရေရွတ်နေတာလား စုရန်ကိုဘဲပြောနေတာလားမသိဘူး: 'ဒါကြောင့်သူမကိုဘယ်လိုဘဲရှာရှာမတွေ့တာကိုး။သူမကဒီမှာလာပုန်းနေတာကို....'

စုရန်လဲနားမလည်ဘူးဖြစ်နေတယ်။သူမစုန့်ထင်ယွီကိုကြည့်လိုက်တော့ သူဖုန်းထုတ်ပြီးဆက်နေတာကိုတွေ့တယ်။သူပြောရင်းနဲ့ပြုံးလိုက်ပြီး: 'ငါတွေ့တာမမှားဘူး။ငါသူ့ကိုတွေ့လိုက်တယ်။မင်းမေ့သွားပြီလား?သူမအပြင်ကိုလေးနှစ်အရွယ်သားလေးတစ်ယောက်လဲရှိသေးတယ်။အအဲ့ဒါမင်းသားမဟုတ်လား?'

'ငါမင်းကိုသတင်းပေးပြီးပြီ။မင်းမိန်းမကိုရှာတွေ့ရင်ဆုအနေနဲ့ကမ်းရိုးတန်းကမြေကိုငါ့ကိုပေးမှာလား?'

ဟိုဘက်ကလူတွေလဲပျော်နေတဲ့ပုံဘဲ။သူတို့ချက်ချင်းသဘောတူလိုက်တယ်။စုန့်ထင်ယွီအပြုံးကလဲအရမ်းကိုတောက်ပနေတယ်။

သူဖုန်းချပြီးတော့စုရန်ရဲ့နားမလည်သေးတဲ့မျက်နှာကိုတွေ့သွားတယ်။

'ရှင်ဘယ်သူ့ကိုဖုန်းဆက်လိုက်တာလဲ?ဝေ့လန်နဲ့သူ့သားက?'

စုန့်ထင်ယွီဆေးသွင်းထားတာကိုကြည့်လ်ိုက်တော့ကုန်တော့မယ်ဆိုတာကိုတွေ့ပြီးအပ်ကိုဆွဲဖြုတ်လိုက်တယ်။

စုရန်လဲသူလုပ်လိုက်တာကိုကြည့်ပြီးအံ့သြသွားကာ: 'ရှင်ဆေးထိုးရတာကိုကြောက်တယ်မဟုတ်ဘူးလား?' သူဘယ်လိုလုပ်ပြီးသတ္တိရှိရှိနဲ့အပ်ကိုဆွဲဖြုတ်လိုက်တာလဲ?သူနာပြုတွေကိုမဖြုတ်ခိုင်းဘဲနဲ့သူ့ဘာသာသူဘဲဆွဲဖြုတ်လိုက်တာ။

'ဒါကကိုယ့်ရဲ့ရန်သူဆီကနေယုံကြည်မှုရအောင်‌လှည့်ကွက်သုံးလိုက်တာ။သိပြီလား?' စုန့်ထင်ယွီသူမနဖူးလေးကိုထုပြီးပြုံးလိုက်တယ်'

စုရန်မျက်မှောင်ကြုတ်လိုက်ပြီး: 'စုန့်ထင်ယွီ ရှင်ကတော်တော်ကိုအရှက်မရှိတာဘဲ'

သူအဲ့ဒီကိစ္စအတွက်ဒီလိုမျိုးတောင်အကြံထုတ်တယ်ပေါ့လေ။

သူ့ဘေးမှာရှိနေတဲ့စုန့်န့်ဝမ်ရှီကမေးလိုက်တယ်: 'ဖေဖေ အဲ့ဒါဘာအဓိပ္ပါယ်လဲ?'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now