Part 37: ပန်းတွေ ပွင့်နေပြီ

788 72 7
                                    

Part 37: ပန်းတွေ ပွင့်နေပြီ

Unicode Ver

မြို့တော် B ၏အပူလှိုင်းသည် ယခု ရက်အနည်းငယ်ကြာသည်အထိ ဆက်ရှိနေဆဲဖြစ်သည်။ ညအချိန်ဖြစ်သည့်တိုင် အပူချိန်သည် တစ်ဒီဂရီတောင်မှ မကျဆင်းသွားပါချေ။

နောက်ဆုံးမှာတော့ အစည်းအဝေးသည် ညနေ ၆ နာရီတွင် ပြီးဆုံးသွားသည်။ ယွီကုန်းသည် ညစာကပ်စားချင်သောကြောင့် ရုံးခန်းဆီသို့ သွားနေသည့် ရှောင်းနိုင်နောက်သို့ လိုက်သွားသည်။ ဆိုဖာပေါ်တွင် စိမ်ပြေနပြေ နေရာယူပြီးနောက် ယွီကုန်းက ရွှတ်နောက်နောက် ပြောလိုက်သည် “ ဟေ့၊ ဒါဆို ငါတို့ဌာနက အလှလေးနဲ့ မင်းက တမြို့စီ တကွဲတပြားနေရတော့မှာလား ”

ရှောင်းနိုင်က သူ့စားပွဲနောက်သို့ လျှောက်သွားပြီး အနည်းငယ် မှီကာ သူ့ကီးဘုတ်ပေါ်တွင် စတင်စာရိုက်နေသည် “ ငါတို့ဆက်ဆံရေးက အဲ့အဆင့်ထိ မရောက်သေးဘူး။ ဒါက နည်းလမ်းမကျဘူး။ မင်းက ငါ့ကို ဘာလုပ်စေချင်နေတာလဲ ”

သူ ပြောတာကို နားထောင်ကြည့်စမ်း!

အဲ့စကားလုံးတွေရယ်! အဲ့လေသံရယ်!

နောက်ဆုံးတော့ ဒါက မင်း နာကျင်ရမယ့် အလှည့်ပဲ။

ယွီကုန်းတစ်ယောက် အူမြူးနေကာ ဝမ်းသာနေသည်ကို မဖုံးနိုင် မဖိနိုင်ဖြစ်နေတော့သည်။ သို့သော်လည်း သူ ဝမ်းသာနေသည်ကို ထုတ်မပြဘဲ ဂရုတစိုက် ချုပ်တည်းထားသည်။ သူ့ရှေ့က ငတိသည် ထက်မြက်လွန်းသည်။ ထို့ပြင် သူကလည်း ထိုသူ့အပေါ် အမေရိကန်ဒေါ်လာရာဂဏန်းအနည်းငယ် အကြွေးတင်နေသေးသည်။

“ ဟူး၊ ဒါက တော်တော်ဝမ်းနည်းစရာပဲ ” ယွီကုန်းက သူ့စာနာမှုကို ပြလိုက်သည်။ “ ကံခေတဲ့ ငါတို့နှစ်ယောက် ညစာအတူစားရအောင် ” လို့ သူ ပြောတော့မည့်အချိန်မှာပဲ ရှောင်းနိုင်က ကွန်ပျူတာကို ပိတ်ကာ ထွက်သွားမလို လုပ်နေတာကို မြင်လိုက်ရသောကြောင့် ယွီကုန်း ချက်ချင်း ထိတ်လန့်သွားတော့သည်။

“ မင်း ဒီနေ့ အစောကြီး ပြန်မလို့လား ”

“ အင်း ”

“ ဘယ်သွားမလို့လဲ ”

“ လက်ထပ်ပြီး ကလေးမွေးမလို့ ”

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now