Part 9: ယှဥ်တိုက်ခြင်း

547 73 3
                                    

Part 9: ယှဥ်တိုက်ခြင်း

Unicode Ver

စားနေရင်းတောင်မှ သူတို့ စောစော မလာခဲ့သည့်အတွက် စီစီကတော့ စိတ်ပျက်နေတုန်းပင် ဖြစ်သည်။ မဟုတ်ပါက ရှောင်းနိုင်ရဲ့ဘေးစားပွဲတွင် သူတို့ ညစာစားရနိုင်ပေသည်။ အားရှီက " အိပ်မက်မက်နေတာ ရပ်တော့...အစ်ကိုရှောင်းလို ကျွမ်းကျင်ပညာရှင်တွေက စီးပွားရေးအကြောင်း ဆွေးနွေးဖို့ သီးသန့်ခန်းမှာပဲ ပြောကြမှာပေါ့..."လို့ ပြောလိုက်တော့သည်။

တခြားတစ်ဖက်မှာတော့ ရှောင်လင်းကတော့ ပြောချင်တာကို ချုပ်တည်းနေလေသည်။ သို့သော်လည်း နောက်ဆုံးမှာတော့ ပြောလိုက်တော့သည်, " အစ်ကိုရှောင်းရဲ့ကုမ္ပဏီက ပြဿနာတချို့ ကြုံနေရတယ်လို့ ငါ ကြားခဲ့တယ် "

" မဖြစ်နိုင်ဘူး "

ဝေဝေနဲ့ အားရှီကတော့ မယုံကြည်ပေ။ ကွန်ပျူတာသိပ္ပံဌာနက အောက်ခြေလူတန်းစားများအတွက်တော့ ရှောင်းနိုင်က နတ်ဘုရားလို တည်ရှိမှုမျိုးပင် ဖြစ်သည်။ ဘယ်လိုလုပ်ပြဿနာတွေရှိနိုင်မှာလဲ။

" ငါ တကျောင်းစီက ကြားခဲ့တာ...တကျောင်းမှာ ဘွဲ့ရပြီးတော့ ရှောင်းနိုင်ရဲ့ကုမ္ပဏီမှာ အလုပ်လုပ်တဲ့ ဘက်စကက်ဘော အသင်းသားတစ်ယောက်ရှိတယ်...တနေ့က တကျောင်းနဲ့ နေ့လည်စာ စားရင်း မူးနေတဲ့အချိန်မှာ နည်းနည်းထုတ်ပြောခဲ့တာ...ရင်းနှီးမြှုပ်နှံမှုပြဿနာထင်တာပဲ... လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ "

စီစီက ပြောလိုက်သည်: " ငါ ဒါကို မယုံနိုင်သေးဘူး...သူက ရှောင်းနိုင်လေ "

ဝေဝေကတော့ အလယ်မှာ ကြက်တောင်ပံတစ်ခုကို ကိုက်ရင်း ဘာကိုမှမပြောဘဲ ပြောနေတာကို အပြင်းအထန် ထောက်ခံကြောင်း ဖော်ပြဖို့ သူမခေါင်းကိုပဲ ညိတ်လေသည်။ သူက ရှောင်းနိုင်လေ။ တစ်ယောက်ယောက်က တကယ့်ကို အားကောင်းပြီး ရှိန်လောက်တဲ့ နွားတစ်ကောင်ဆိုရင် ရှောင်းနိုင်က ကြံ့တစ်ကောင်ဖြစ်ရမယ်~~~ကြံ့က အရမ်းအရမ်းကို ရှားပါးတဲ့ နွားတစ်ကောင်ပဲ...သူ့မှာ မဖြေရှင်းနိုင်တဲ့ အရာတွေ ရှိနိုင်မှာလား

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now