Part 17: ငါ့ဇနီး ကစားဖို့အတွက်

572 78 3
                                    

Part 17: ငါ့ဇနီး ကစားဖို့အတွက်

Unicode Ver

လူတွေ ပြောကြတဲ့ ရန်သူတွေက တစ်ယောက်နဲ့တစ်ယောက် လမ်းမှာ မကြာခဏ ဆုံကြတယ်ဆိုတာ ဒါမျိုး ဖြစ်လိမ့်မည်။

ဝေဝေ သူမ၏မျက်နှာချင်းဆိုင်က သူတို့အား ကြည့်လိုက်သည်။ အမှတ်စုဆောင်းသည့်အချီ၏သူမတို့ပထမဆုံးတိုက်ပွဲတွင် သူမနှင့် နိုင့်ဟော်၏ပြိုင်ဘက်နှင့်ပတ်သက်ပြီး သူမ ဆွံ့အသွားရုံအပြင် မတတ်နိုင်ပေ။

အကြာကြီးစောင့်ပြီးသည့်နောက် နောက်ဆုံးမှာတော့ စုံတွဲ PK ပြိုင်ပွဲသည် သောကြာနေ့တွင် စတင်တော့သည်။ ပထမအချီသည် အမှတ်စုဆောင်းသည့်ပြိုင်ပွဲများဖြစ်ပြီး ထိုပြိုင်ပွဲများသည် လဝက်လောက်ကြာလိမ့်မည်ဖြစ်သည်။ ထို့ပြင် ကစားပွဲအား ကြည့်ရှုရန်လည်း ပရိသတ်များ မရှိပေ။ ပြိုင်ဘက်များကို Systemက ကျပန်းရွေးချယ်သည်။ ပါဝင်မည့် စုံတွဲသည် NPCကို နှိပ်ရုံသာ လိုအပ်ပြီး ထို့နောက်မှသာ တိုက်ပွဲကွင်းထဲသို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။  သူတို့ ထိုနေရာသို့ ရောက်သည်အထိ သူတို့၏ပြိုင်ဘက် မည်သူဖြစ်မည်ကို သူတို့ သိလိမ့်မည် မဟုတ်ပေ။

ဝေဝေနှင့် နိုင့်ဟော် ကွင်းထဲ ဝင်ရောက်ရန်အတွက် NPCအား နှိပ်ရန် ယွီကုန်းနှင့် အခြားသူများက သူတို့ကို လွှတ်ပေးလိုက်တော့သည်။ သူတို့ ၀င်ရောက်သည့်အချိန်မှာပဲ ဝေဝေ အလွန်အံ့အားသင့်သွားတော့သည်—-ကွင်း၏အခြားတစ်ဖက်တွင် ရပ်နေသည့် သူတို့၏ပြိုင်ဘက်သည် ကျင်းရွှေ ဝူရှောင်နှင့် ရှောင်ယွီ ယောင်ယောင်တို့ဖြစ်သည်။

>o<

ပါဝင်သည့် ကစားသမားများသည် သူတို့၏ PK တိုက်ပွဲများကို ချက်ချင်း မစတင်ဘဲ တိုက်ပွဲမတိုင်မီ ၃ မိနစ် ကြိုတင်ပြင်ဆင်ချိန်ကို Systemက သတ်မှတ်ထားသည်။ နိုင့်ဟော်က သူတို့ပြိုင်ဘက်များကို တစ်ချက်ကြည့်ပြီး သာမန်ကာလျှံကာ ပြောလိုက်သည်: “ ကိုယ် ရှောင်ယွီ ယောင်ယောင်ကို ဂရုစိုက်လိုက်မယ်

တာရှန်း၏တိုက်ပွဲနည်းဗျူဟာများကို ဝေဝေ ချက်ချင်း နားလည်လိုက်သည်။ ရှောင်ယွီ ယောင်ယောင်သည် စကေးလ်တွင် အားနည်းပြီး သူမ၏အဗာတာအမျိုးအစားသည် သမားတော်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူမတွင် နိုင့်ဟော်ကို ယှဥ်တိုက်နိုင်ရန် အခွင့်အရေး မရှိပေ။ နိုင့်ဟော်က သူမကို အရင် အနိုင်ယူကာ ကျင်းရွှေ ဝူရှောင်အား အနိုင်ယူရန် ဝေဝေနှင့် ပူးပေါင်းနိုင်သည်။ ဒါသည် တိုက်ပွဲအား အဆုံးသတ်ရန် အမြန်ဆုံးနည်းလမ်းဖြစ်သည်။

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now