Part 34: အမှန်တရား

552 61 1
                                    

Part 34: အမှန်တရား

Unicode Ver

ဝေဝေသည် သူ့ကို ကြည့်ရင်း ရုတ်တရက် အနည်းငယ်စိတ်မသက်မသာဖြစ်လာသောကြောင့် သူမအကြည့်ကို မလွှဲနိုင်တော့ပေ။

ဒီလိုအခြေအနေမျိုးကို သူမ လုံးဝ သဘောမကျပေ။ သူက ပြန်တိုက်ခိုက်ရန်နှင့် ရှိုးပြရန်အတွက် အရာဝတ္ထုတစ်ခုဖြစ်လာခဲ့သည်။ ထို့ပြင် သူကတော့ ထိုကဲ့သို့အခြေအနေမျိုးတွင် ရောက်နေမှန်း သတိပင်မထားမိချေ။

အားရှီသည် သူမ၏အမူအရာကို သတိပြုမိတာကြောင့် စိုးရိမ်စွာ မေးလာသည် “ ဝေဝေ၊ အခုလို နောက်ဆုံးအချိန်မှ ပြန်နောက်ဆုတ်မှာတော့ မဟုတ်ဘူးမလား ”

နောက်ဆုံးအချိန်မှာ ပြန်နောက်မဆုတ်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။ သူမ ပြန်တိုက်ခိုက်ချင်တယ်လို့ ဘယ်တုန်းကများ ပြောခဲ့မိလို့လဲ။

ဝေဝေလည်း စိတ်ထဲတွင် စိတ်ဓာတ်ကျနေသော်လည်း သူမကို စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်သည်။ သူတို့က ညစာထွက်စားတယ်ဆိုပေမယ့် ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် သာမန်ညစာစားပွဲက ပိုမိုရှုပ်ထွေးလာတော့မယ်။

ထားလိုက်တော့! သူမ အဲ့လူတွေ မရှိ​သလိုပဲ နေလိုက်တော့မယ်။ သူတို့နဲ့ စားသောက်ဆိုင်တစ်ဆိုင်တည်းမှာ ဒီတိုင်းစားဖြစ်သွားရုံပဲလေ။ ထိုကဲ့သို့ စိတ်သွင်းကာ ဝေဝေလည်း သူမအခန်းဖော်များအား သတိပေးလိုက်သည် “ နင်တို့ အစားများများစားပြီး စကားနည်းနည်းပဲ ပြောတာ ပိုကောင်းမယ် ”

သို့သော်လည်း ပြင်သစ်ဟင်းလျာများသည် ဈေးကြီးသောကြောင့် သူမ စကားမှားသွားသည်ကို သဘောပေါက်ပြီး သူမ အမြန်ထပ်ဖြည့်ပြောလိုက်သည် “ အများကြီးလည်း မစားနဲ့ဦး ”

ရှောင်းနိုင်လည်း သူ ပြန်လာနေသည့်လမ်းမှာပဲ ဝေဝေ ကြမ်းကြမ်းတမ်းတမ်း သတိပေးနေသည်ကို ကြားနေရသည်။ သူမ၏သဘာဝကျပြီး ကြမ်းတမ်းသော အမူအယာကို မြင်လိုက်ရသောကြောင့် သူ့ကို ပထမဆုံးအကြိမ် စကားမပြောနိုင်ဖြစ်သွားစေသည်။

အားရှီလည်း တိုင်ပြောလိုက်တော့သည် “ စီနီယာရှောင်း၊ စီနီယာရဲ့ဝေဝေကို ဒီတိုင်းပဲ ကြည့်နေတော့မှာလား ”

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now