Part 20: ကိုယ် သိတယ်

565 82 10
                                    

Part 20: ကိုယ် သိတယ်

Unicode Ver

ဝေဝေ၏အသက် နှစ်ပေါင်း ၂၀ အတွင်း ဤသည်မှာ သူမက ဂြိုလ်သားတစ်ယောက်ဖြစ်သည်ကို သဘောပေါက်သွားသည့် ပထမဆုံးအကြိမ်ဖြစ်သည်- -

လိပ်ဂြိုလ်က ဂြိုလ်သားလေ >o<

လိပ်ဂြိုလ်သားတစ်ဦးသည် သူတို့အား ဆွပေးသည့်အခါ အဝေးသို့ ရှောင်တိမ်းကာ လှည့်ထွက်သွားကြသူများဖြစ်သည်။ အဓိကအချက်မှာတော့: နောက်ထပ် ၂ ရက်ကျော်သွားသော်လည်း သူမ ဂိမ်းထဲသို့ မ၀င်ရသေးပေ။

......

......

သူမကို " နေရခက်စေတဲ့ " ဂြိုလ်က ဂြိုလ်သားတွေ လွှမ်းမိုးထားတာ ဖြစ်ရမယ် = =

ဟူးးး~~~

အဖြစ်အပျက်များအပေါ် အခြေခံ၍ သူမက သူမ၏ခံစားချက်များကို နားလည်ထားပြီးဖြစ်သည်။ ထို့ကြောင့် သူမ ဆက်လုပ်သင့်သည်မှာ ဂိမ်းထဲသို့ အလျင်အမြန် ဝင်ကာ တာရှန်း၏နှလုံးသားကို အနိုင်ရန် သိသာကာ ပါးနပ်သည့် နည်းလမ်းများကို ကြိုးစားရန်ဖြစ်သည်။ နောက်ဆုံးတွင် သူမနှင့် တာရှန်းနှစ်ဦးလုံးသည် လက်မထပ်ရသေးသောကြောင့် စိုးရိမ်စရာ ဘာမှမရှိပေ။ ( တာရှန်းက လူလွတ်တစ်ယောက်ဖြစ်သည်ကို ဝေဝေ အစောကြီးကတည်းက သိထားသည်။ အဘယ်ကြောင့်ဆိုသော် ပထမအချက်မှာ ယွီကုန်းနှင့် အခြားသူများက သူ့ကို နှစ်တစ်သောင်းလူပျိုကြီးဟု ခေါ်ကာ စလေ့ရှိသောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ ဝေဝေ သူ့အား လက်ထပ်ထိမ်းမြားခြင်းမပြုခင်တွင် သူ့အား မေးမြန်းခဲ့သောကြောင့်ဖြစ်သည်။ ထိုအချိန်က သူ့အား မေးမြန်းခဲ့သည်မှာ တခြားမည်သည့်ရည်ရွယ်ချက်မှ မရှိခဲ့ဘဲ ကိုယ်ကျင့်တရားအတွက်သာ မေးခဲ့ခြင်းဖြစ်သည်။ ဒါသည် ဂိမ်းတစ်ခုသာဖြစ်သော်လည်း သူမသည် တစ်စုံတစ်ယောက်၏ကောင်မလေး သို့မဟုတ် ဇနီးလောင်းနှင့် ပြဿနာမတက်ချင်ပေ။ )

သို့သော်လည်း သူမ အွန်လိုင်းပေါ် တက်လိမ့်မည်မဟုတ်ပေ။ ထို့အစား သူမက ဗီဒီယိုထဲရှိ တာရှန်း၏ဒိုင်ယာလော့ကိုသာ ထပ်တလဲလဲ ကြည့်သည့် ကိစ္စကဲ့သို့ ထူးဆန်းသည့် ကိစ္စများကိုသာ လုပ်နေလေသည်။

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now