Part 32: ကောလာဟလများ

592 75 3
                                    

Part 32: ကောလာဟလများ

Unicode Ver

ကွန်ပျူတာသိပ္ပံဌာန၏ထိပ်တန်းပုဂ္ဂိုလ်နှင့် ဌာန၏အလှလေးတို့ ချိန်းတွေ့မှုကြောင့် ကျောင်းဖိုရမ်သည် အချိန်အတော်ကြာ အလွန်အသက်ဝင်နေလေသည်။ သို့သော်လည်း ရက်အနည်းငယ်အကြာမှာတော့ နောက်ထပ်အတင်းအဖျင်းအသစ်တွေ မရှိတော့တာကြောင့် အနည်းငယ် အားပျော့သွားတော့သည်။ သို့သော် စနေနေ့ညတွင် အကြောင်းအရာသစ်တစ်ခုသည် တစ်ကျောင်းလုံးရှိ ကျောင်းသားများ၏အာရုံကို ထပ်ဆွဲဆောင်သွားတော့သည်။

အကြောင်းအရာနာမည်ကတော့ — ထိပ်တန်းသတင်း! ကျောင်းရဲ့နာမည်ကြီး အရည်အချင်းရှိတဲ့ကောင်မလေးက ကောလာဟလထွက်နေတဲ့ အလှလေးကို စိန်ခေါ်နေတယ်!

စိတ်လှုပ်ရှားစရာပဲ! ငါ ဒီနေ့ ငါတို့ကျောင်းက အရည်အချင်းရှိတဲ့ မိန်းကလေးတစ်ဦးရဲ့ဘလော့ဂ်ကို မတော်တဆ ဝင်သွားမိလိုက်တယ်။ အဲ့ဒါနဲ့ ပူပူနွေးနွေး ဆောင်းပါးအသစ်တစ်ခုကို ငါ တွေ့လိုက်ရတယ်။ ငါ တကယ်တော့ သာမန်ကာလျှံကာပဲ ဖတ်လိုက်တာပါ။ ဒါပေမယ့် အဲ့ဒါက စိတ်လှုပ်ရှားစရာကောင်းလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။ ငါ ဖတ်လေလေ ပိုစိတ်လှုပ်ရှားလာလေလေပဲ။ အဲ့ဒါကြောင့် လူတိုင်းကို မျှဝေပေးရအောင် ငါ ယူလာပေးတယ်။

ဘလော့ဂ် URL: www.xxxxx.blog.XXX.com.cn

ဟားဟား နောက်တာ။ စာအပြည့်အစုံကို ဒီမှာ ကူးထားပေးတယ်. . . ဟက်!

ထို့နောက် ထိုလူက ထိုဆောင်းပါးတစ်ခုလုံးကို ကော်ပီကူးပြီး ၎င်းကို " 34C မဖြစ်ဖို့ နင့်ကို ဘယ်သူကပြောလို့လဲ " ဟူသော ခေါင်းစဉ်ဖြင့် တင်ခဲ့လေသည်။ ဆောင်းပါးသည် အလွန်ရှည်လျားပြီး အစပိုင်းတွင် အရေးမကြီးသောအရာများနှင့် စတင်ထား၏။ ထို့နောက်မှာတော့ ဘလော့ရေးသူက မနေ့က နေ့လည်က သူမ၏သူငယ်ချင်းများနှင့် ကော်ဖီအတူသောက်သည့် အကြောင်းကို ပြောလာလေသည်။ သူမ အစက ညွှန်ပြထားသည့် ​ခေါင်းစဥ်၏အပိုင်းသို့ မရောက်မီ သူမက ကဖေး၏စတိုင်လ်ကို ဘယ်လိုပြုပြင်မွမ်းမံပြီး ဖြည့်စွက်သင့်တယ်ဆိုတဲ့ အကြောင်းတွေကို သာမန်ကာလျှံကာ ဖော်ပြထား၏။

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now