Part 7: ရှောင်ယွီကလန်

630 83 0
                                    

Part 7: ရှောင်ယွီကလန်

Unicode Ver

ဒီquestရဲ့စိတ်ပျက်စရာကောင်းတဲ့ အတွေ့အကြုံကို သူမ တွေးရင်း သူ့ကို နည်းနည်းတော့ သနားသွားခဲ့သည်။ သူမ သူ့ကို စာနာသွားသော်လည်း ဒီလူရဲ့နှုတ်က တကယ့်ကို စက်ဆုပ်စရာကောင်းပေသည်။ ဘာပဲဖြစ်ဖြစ် သူ့ကို အရင်ဆုံး အကြိမ်ပေါင်းများစွာ ခုတ်လိုက်သည်။ သို့သော်လည်း ဒါက ကွန်ပျူတာ၏အလိုအလျောက် လုပ်ဆောင်ချက်ဖြစ်သောကြောင့် သူမ လက်နာလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သူမလည်း လက်ဖက်ခြောက်ကို စိမ်သောက်ရင်း သူမ နိုင့်ဟော်နဲ့ စကားပြောနေလိုက်သည်။ သို့သော်လည်း နိုင့်ဟော်က တစ်ခုခုလုပ်နေပုံရသည်။ သူ့ပြန်စာက သိပ်မမြန်ပေ။ ဝေဝေလည်း သူမခေါင်းကို ငုံံ့လိုက်ပြီး ပုစ္ဆာတွေကို လုပ်နေလိုက်တော့သည်။

တစ်မျက်နှာလောက် ဖတ်ပြီးတဲ့နောက်မှာတော့ သူမ ခေါင်းကို မော့လိုက်ပြီး ကြည့်လိုက်တဲ့ချိန်မှာ  ကောင်းကင်ဘုံတောင်တိမ်လွှာဆိုင်းနှင်းချိုင့်ဝှမ်းမှာ မိန်းကလေးကစားသမား သုံးယောက်ထပ်ပြီး ရှိနေတာကို တွေ့လိုက်ရလေသည်။ သူတို့အိုင်ဒီတွေကတော့ ရှောင်ယွီ ချင်းချင်း(မိုးစက်ငယ် ထာဝရငယ်ရွယ်မှု)၊ ရှောင်ယွီ ဖေးဖေး(မိုးစက်ငယ် နှင်းပွင့်)၊ ရှောင်ယွီ မြန်မြန်(အဆက်မပြတ် မိုးစက်ငယ်)ပဲ ဖြစ်ကြသည်။

ရှောင်ယွီကလန်လား

သူတို့က ဘာလို့ ဒီမှာ ရှိနေတာလဲ

ရှောင်ယွီ ချင်းချင်း အခုပြောနေလေသည်: " ဟေး နင်တို့က ငါတို့ကို ဘာလို့လျစ်လျူရှုနေတာလဲ "

ဝေဝေလည်း မျက်မှောင်ကြုတ်ပြီး chat historyကို ဖွင့်လိုက်တော့သည်:( ဒီဂိမ်း၏chat history သည် လက်ရှိမြင်ကွင်းတွင် ရှိနေသည့် ကစားသမားများ၏ conversationအားလုံးကို သိမ်းထားပေးလေသည် )

[Local][ရှောင်ယွီ ချင်းချင်း]: ဒါက ရီရှောင်း နိုင့်ဟော်ပဲ

[Local][ ရှောင်ယွီ မြန်မြန်]: အဲ့မိန်းမလည်း ဒီမှာ ရှိနေတာပဲ...အရမ်းရွံ့စရာကောင်းတာပဲ...အဆင့်နိမ့်တဲ့သူကို အနိုင်ကျင့်နေတယ်

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now