Description
10.2K 293 10
Description
‌ယောကျာ်း‌လေးတစ်‌‌ယောက်က မိန်းက‌လေးတစ်‌ယောက်ကို  မြင်မြင်ချင်းချစ်မိသွား‌စေတဲ့အရာက ဘာလဲ။ အသွင်အပြင်လား။ ကိုယ်‌ရောင်ကိုယ်ဝါလား။ ဒါမှမဟုတ် ချမ်းသာကြွယ်ဝမှုလား။ သေချာပေါက် မဟုတ်ဘူးပေါ့။ တက္ကသိုလ်နယ်‌မြေရဲ့မင်းသား‌လေးလည်းဖြစ် အွန်လိုင်းဂိမ်းကျွမ်းကျင်သူတစ်‌‌ယောက်လည်းဖြစ်တဲ့ ‌ရှောင်းနိုင်တစ်ယောက် ‌ပေဝေဝေကို စ‌တွေ့ချိန်မှာ ချစ်မိသွား‌စေတဲ့ အချက်က သူမရဲ့ထူးခြားလွန်းတဲ့ အလှ‌ကြောင့် မဟုတ်ဘဲ သူမရဲ့တည်ငြိမ်မှုရယ် တည်ငြိမ်တဲ့ပုံစံ​နဲ့ ကီးဘုတ်‌ပေါ်‌ ပြေးလွှား‌နေတဲ့ သူမရဲ့ သွယ်လျတဲ့လက်ချောင်းလေး‌တွေ‌ကြောင့်ပဲ။ ရှက်‌ရွံ့ပြီး အိန္ဒြေကြီးနေတဲ့ အပြုအမူတွေကြောင့်တော့ မဟုတ်ဘူး။
အဲ့ဒီအချိန်မှာပဲ ဂိမ်းကျွမ်းကျင်သူ ‌ပေဝေဝေက ကွန်ပြူတာ‌ပေါ်မှာ အစည်းအရုံးတိုက်ပွဲတစ်ခုကို  စနစ်တကျ စီမံနေလေသည်။ ဖူးစာရေးနတ် အနားမှာရောက်နေသည်ကိုပင် လုံးဝသတိမထားမိသည်မှာ အားနည်းချက်တစ်ခုဖြစ်ပေမယ့်လည်း ပြီးပြည့်စုံပြီး ခမ်းနားထည်ဝါတဲ့ အောင်ပွဲတစ်ခုကိုတော့ အနိုင်ရခဲ့သည်။
မကြာခင်မှာပဲ ဘက်စကတ်‌ဘောကစားသမား၊ ရေကူးသမား၊ ဘက်စုံထူးချွန်ကျောင်းသား၊ ဂိမ်းကုမ္ပဏီဥက္ကဌလည်းဖြစ်တဲ့ ရှောင်းနိုင်က အလှ‌လေးရဲ့နှလုံးသားကို ရရှိဖို့ အွန်လိုင်းမှာ‌ရော အပြင်မှာပါ ဗျူဟာ‌တွေ သုံး‌တော့တယ်။ အဲ့ဒါကြောင့် ဤအချစ်ဇာတ်လမ်း‌လေးလည်း ငြိမ့်ညောင်းစွာ ပွင့်လန်း‌ပေါက်ဖွားလာ‌တော့တယ်။
[ Total Chapters _ 48 + Side Story 7 + BL Story 6 + Shan Side Story 5 ]
________________
Description
အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now