Part 6: နောက်လိုက်မလေး ဝေဝေ

702 93 4
                                    

Part 6: နောက်လိုက်မလေး ဝေဝေ

Unicode Ver

သူတို့ အခုလက်ထပ်လိုက်သော်လည်း ဝေဝေကတော့ သူတို့ဆက်ဆံရေးကို ဒီလိုမျိုးတွေးပေသည်။

တာရှန်းနဲ့ သူ့နောက်လိုက်

= =

သေချာတာပေါ့...သူမက မွန်းစတားပေါ်လာတဲ့အချိန် ရှေ့ကို အပြေးအလွှားပြီး လက်တိုလက်တောင်းမျိုးစုံ အတွက် ပြေးလွှားနေတဲ့ နောက်လိုက်တစ်ယောက် ဖြစ်နေစဥ်မှာ နိုင့်ဟော်ကတော့ တာရှန်းတစ်ယောက် ဖြစ်သည်။ သူမ ဒီလိုမျိုးခံစားရတာက နတ်ဘုရားလက်နက်တစ်စုံကြောင့်ဆိုတာ သံသယမရှိပေ။

နောက်ဆုံးမှာတော့ တစ်ယောက်ယောက်ဆီက အိုင်တမ်တွေကို သူမ ပြန်မပေးရဘဲ လက်မခံနိုင်ပေ။ အဲ့ဒါကြောင့် သူမလည်း အကြွေးတွေကို အလုပ်ကြိုးစားပြီး ပြန်ဆပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

လက်ထပ်ပြီးသည့်နောက်မှာလည်း အများကြီး သိပ်မပြောင်းလဲသွားပေ။ ဝေဝေက သူမရဲ့အချိန်အများစုကို ယွီကုန်းနဲ့ အခြားသူတွေနဲ့အတူ အဆင့်တက်ပြီး questတွေ ပြီးဖို့သာ ကုန်ဆုံးနေခဲ့သည်။ သူမနဲ့ နိုင့်ဟော်ကတော့ တစ်ခါတလေ အသင်းကနေ ခိုးထွက်ပြီး စုံတွဲတွေလိုမျိုး အချိန်ကုန်ဆုံးလေ့ရှိကြတယ်။

စုံတွဲတွေလိုမျိုး အချိန်ကုန်ဆုံးနေခြင်းက စုံတွဲ questတွေ ပြီးမြောက်နေပြီဟု ဆိုလိုပေသည်။

မြစ်တွေကန်တွေထဲက အိပ်မက်ခရီးရှည်ထဲတွင် ယောင်္ကျားလေးကစားသမားနှင့် မိန်းကလေးကစားသမား လက်ထပ်ပြီးသည့်အခါတွင် စုံတွဲစွမ်းရည်သုံးခု ရရှိလိမ့်မည်ဖြစ်သည်။ သူတို့အတူတကွ တိုက်ခိုက်သည့်အခါ ထိုစွမ်းရည်သုံးခုက အလိုအလျောက်ပွင့်သွားပြီး သူတို့၏တိုက်ခိုက်မှုကို အလိုအလျောက် မြှင့်တင်ပေးမည် ဖြစ်သည်။ ထိုစွမ်းရည်သုံးခု အဆင့်တက်ခြင်းသည် စုံတွဲ၏ရင်းနှီးမှုအဆင့်ပေါ်  မူတည်လေသည်။ ထို့ပြင် သူတို့၏ရင်းနှီးမှုအဆင့် တိုးတက်လာရန် အိပ်ခန်းထဲတွင် အချိန်ဖြုန်းခြင်းထက် စုံတွဲ questတွေကို ပြီးမြောက်ဖို့မှာ အကျိုးအရှိဆုံးနည်းလမ်းဖြစ်ပေသည်

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now