Part 14: ခက်ခဲတဲ့ Quest

452 69 1
                                    

Part 14: ခက်ခဲတဲ့ Quest

Unicode Ver

အတင်းအဖျင်းစကားဆီ ရောက်ရှိလာတဲ့အချိန်မှာတော့ လေ့ရှန်း နီနီရဲ့စာရိုက်နှုန်းက နှစ်ဆတိုးလာပြီး ချက်ချင်းကို နောက်ထပ်မက်ဆေ့ချ်တစ်စောင် ရောက်လာတော့သည်: “ သူတို့နှစ်ယောက်လုံးက B မြို့တော်မှာ...ဒါက တိုက်ဆိုင်တာပဲ...ဝေဝေ၊ နင်လည်း အဲ့မှာလား ”

ဝေဝေ: “ အင်း၊ ငါ B မြို့တော်မှာ ကျောင်းတက်နေတာ ”

ဒါက တကယ် အရမ်းတိုက်ဆိုင်လွန်းတာ မဟုတ်ဘူး။ ဆာဗာကို အင်ပါယာမုန်တိုင်းလို့ သူတို့ ခေါ်ကြတော့ ဒီမှာ B မြို့တော်က လူတွေ ရှိနေတာက ပုံမှန်ပါပဲ။ အဲ့ဒါကို ပြောရရင် တာရှန်း၊ ယွီကုန်းနဲ့ အခြားသူတွေကလည်း B မြို့တော်က ဖြစ်နိုင်တယ်...

ဝေဝေလည်း မှင်တက်သွားတော့သည်။

လေ့ရှန်း နီနီ: “ ငါက T မြို့တော်က ဝူးဝူးဝူး... မဟုတ်ရင် ငါ နင်တို့နဲ့ တွေ့မှာ...အိုး ဟုတ်သားပဲ ငါ့မှာ ကျင်းရွှေနဲ့ ရှောင်ယွီယောင်ယောင် တူတူရိုက်ထားတဲ့ပုံရှိတယ်...ကျင်းရွှေက တကယ်တော့ တော်တော်ချောတယ်... ငါ့မှာ သူတို့ဓာတ်ပုံရှိတယ်... ဝေဝေ၊ နင် ကြည့်ချင်လား ”

ဝေဝေ: “ >o< စိတ်မဝင်စားဘူး ”

ကျင်းရွှေ ဝူရှောင် မည်သည့်ပုံစံမျိုးရှိသည်ကို ဝေဝေ နည်းနည်းလေးတောင် မသိချင်ပေ။ မဟုတ်ပါက သူမတို့ မကွာရှင်းခင် လွန်ခဲ့တဲ့တစ်လ နှစ်လလောက်ကတည်းက သူမ တောင်းလိမ့်မည်ဖြစ်သည်။ ထိုအချိန်တွင် အစည်းအရုံးထဲက စုံတွဲနောက်တစ်တွဲက ဓာတ်ပုံတွေကို လဲလှယ်လိုက်ကြသည်။ သို့သော်လည်း သူတို့အချင်းချင်း ဘယ်လိုပုံစံရှိသည်ကို ကြည့်ပြီးသည့်နောက်မှာတော့ ချက်ချင်းပဲ လမ်းခွဲလိုက်ကြသည်။ အဲ့လိုပဲ ကျင်းရွှေက ဓာတ်ပုံ လဲလှယ်ဖို့ ပြောတဲ့အချိန်မှာတော့ ဝေဝေလည်း အံ့ဩသွားပြီး မသက်မသာနဲ့ ပြန်ဖြေလိုက်သည်: “ ကျွန်မမှာ ဒစ်ဂျစ်တယ်ကင်မရာ မရှိလို့ ဒစ်ဂျစ်တယ်ဓာတ်ပုံတွေလည်း မရှိဘူး ” ၄င်းမှာ အမှန်တရားဖြစ်‌သော်လည်း သူ့ကို ငြင်းပယ်သည့် လိမ်ဆင်တစ်ခုနှင့်သာ တူနေလေသည်။

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now